၂၀၁၉ အာရှဖလားဝင်ခွင့် တတိယအဆင့် ခြေစစ်ပွဲများ ကစားရမယ့် မြန်မာအပါအဝင် (၂၄)သင်းစာရင်း AFC ထုတ်ပြန်

၂၀၁၉ အာရှဖလားဝင်ခွင့် တတိယအဆင့် ခြေစစ်ပွဲများ ကစားရမယ့် မြန်မာအပါအဝင် (၂၄)သင်းစာရင်း AFC ထုတ်ပြန်
(ဓာတ်ပုံ - အီးပီအေ)

အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) က ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၉ အာရှဖလား (2019 AFC Asian Cup) ပြိုင်ပွဲအတွက် ခြေစစ်ပွဲ (တတိယအဆင့်) ယှဉ်ပြိုင် ကစားရမယ့် (၂၄)သင်း စာရင်းကို အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာ့ လက်ရွေးစင်အသင်းအနေဖြင့်လည်း ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စုမှာ အဆင့်(၄) နေရာ ရရှိခဲ့တဲ့အတွက် အဆိုပါ (၂၄) သင်းစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။

အာရှ ဘောလုံးအဖွဲ့ချုပ်က ခြေစစ်ပွဲ တတိယအဆင့် ကစားမယ့် ပွဲစဉ်များနှင့် ရက်စွဲကိုမူ လက်တလော ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပေ။

တတိယအဆင့် ခြေစစ်ပွဲဝင် အသင်း (၂၄) သင်းအနက် (၁၂) သင်းဟာ နောက်ဆုံးအဆင့် ပွဲစဉ်များသို့ တက်ရောက် ကစားခွင့်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ နောက်ဆုံးအဆင့်သို့ တက်ရောက် ကစားခွင့် ရရှိထားတဲ့ အသင်း (၁၂) သင်းရှိပြီး တတိယအဆင့်မှ ခြေစစ်ပွဲ အောင်မြင်လာမယ့် အသင်း (၁၂)သင်းနှင့် ပေါင်းကာ နောက်ဆုံးအဆင့် ၂၀၁၉ အာရှဖလားပြိုင်ပွဲကြီးကို စုစုပေါင်း အသင်း (၂၄) သင်းနဲ့ ယူအေအီးနိုင်ငံတွင် ကျင်းပသွားမှာဖြစ်ပါတယ်။

တတိယအဆင့် ခြေစစ်ပွဲ ကစားရမယ့် (၂၄) သင်းစာရင်း
၁။ မြောက်ကိုရီးယား
၂။ ဂျော်ဒန်
၃။ အိုမန်
၄။ လက်ဘနွန်
၅။ ပါလက်စတိုင်း
၆။ ကာဂျစ္စတန်
၇။ ဟောင်ကောင်
၈။ တက်ခ်မင်နစ္စတန်
၉။ စင်ကာပူ
၁၀။ ဗီယက်နမ်
၁၁။ ကူဝိတ်
၁၂။ ဖိလစ်ပိုင်
၁၃။ ဂူအမ်
၁၄။ မြန်မာ
၁၅။ ဘာရိန်း
၁၆။ အာဖဂန်နစ္စတန်
၁၇။ ယီမင်
၁၈။ တာဂျစ်ကစ္စတန်
၁၉။ မလေးရှား
၂၀။ အိန္ဒိယ
၂၁။ ကမ္ဘောဒီးယား
၂၂။ မော်လ်ဒိုက်စ်
၂၃။ ဘူတန်
၂၄။ တရုတ် (တိုင်ပေ)

နောက်ဆုံးအဆင့်တွင် ကစားခွင့်ရရှိထားတဲ့ (၁၂) သင်းစာရင်း
၁။ ယူအေအီး (အိမ်ရှင်)
၂။ ကာတာ
၃။ တောင်ကိုရီးယား
၄။ ဂျပန်
၅။ ထိုင်း
၆။ ဆော်ဒီအာရေဗျ
၇။ သြစတြေးလျ
၈။ ဥဇဘတ်ကစ္စတန်
၉။ ဆီးရီးယား
၁၀။ အီရတ်
၁၁။ အီရန်
၁၂။ တရုတ်

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly