အိန္ဒိယမှာ (၈) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ကျင်းပ

အိန္ဒိယမှာ (၈) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ကျင်းပ
(ဓာတ်ပုံ - အီးပီအေ)

(၈) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး (ဘရာဇီး၊ ရုရှား၊ အိန္ဒိ၊ တရုတ်နှင့် တော်အာဖရိက) ဖိုရမ်ကို အိန္ဒိယနိုင်ငံ၊ ဂိုအာပြည်နယ်၊ ဘင်နောင်လင်မြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အိန္ဒိယက ပါကစ္စတန်နှင့် ၎င်းတို့ ဆက်ဆံရေး တင်းမာမှုများအကြား ဒီအစည်းအဝေးအတွင်းမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအစီအစဉ်ကို ဦးစားပေး ဆွေနွေးဖို့လည်း ပါဝင်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီက ပြောပါတယ်။

"ကျနော်တို့ရဲ့ စီးပွားရေး သာယာဝပြောမှုကို တကယ် တိုက်ရိုက် ခြိမ်းခြောက်မှုဟာ အကြမ်းဖက်ဝါဒဖြစ်တယ်။ ဝမ်းနည်းစရာက ဒါက အိန္ဒိယရဲ့ အိမ်နီးနားချင်းနိုင်ငံငံ တစ်နိုင်ငံဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

ဂိုအာမှာ ကျင်းပနေတဲ့ ဘင်းမ်စတက် သီးသန့်အစည်းအဝေး BRICS သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းကြည်ဟာ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေထဲက သီရိလင်္ကာ သမ္မတနဲ့ တရုတ်နိုင်ငံ သမ္မတတွေနဲ့ ညပိုင်းက သီးခြားစီ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ်အပါအဝင် တခြားနိုင်ငံခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

BRICS အဖွဲ့ကို ၂၀၀၉ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ရုရှားနိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags