မန်ယူကိုလီဗာပူးလ်အသင်း အနိုုင်ကစားမည်ဟု မန်နီပြော

မန်ယူကိုလီဗာပူးလ်အသင်း အနိုုင်ကစားမည်ဟု မန်နီပြော

အောက်တိုဘာ ၁၆၊ လီဗာပူးလ်။           ။ လီဗာပူးလ်အသင်းအနေဖြင့် မန်ယူအသင်းကိုအနိုင်ကစားသွားမည်ဟု မန်နီက ပြောဆိုလိုက်သည်။ သုံးမှတ်ကွာနေသည့် ယင်းနှစ်သင်းမှာ ယခုနှစ် ဘောလုံးရာသီ ပထမဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် တနင်္လာညတွင် အန်ဖီးလ်ကွင်း၌ ကစားကြမည်ဖြစ်သည်။

သို့သော် လီဗာပူးလ်အသင်းကို ပြိုင်ပွဲစုံခြောက်ပွဲဆက်အဖြစ်အနိုင်ရအောင်ကူညီပေးပြီး မန်ယူအသင်းကို အမှတ်ပိုဖြတ်နိုင်မည် ဟု မန်နီက ယုံကြည်နေသည်။

“ကျွန်တော်တို့ မန်ယူအသင်းကို အနိုင်ကစားသွားမယ်။ ကျွန်တော်ဒီလိုပဲထင်တယ်။ အားလုံးလည်း အဲဒီအတိုင်းယုံကြည်နေကြ တယ်။ ကျွန်တော်တို့ အနိုင်ရအောင်ကစားမယ်”ဟု မန်နီက တယ်လီဂရပ်ဖ်သတင်းစာသို့ ပြောသည်။

ယခုနှစ်တွင် ဆောက်သမ်တန်မှ လီဗာပူးလ်သို့မပြောင်းမီ ၂၀၁၅ နွေရာသီက မန်ယူကဲ့သို့သောအသင်းမျိုး၏ စိတ်ဝင်စားမှုကို ငြင်းပယ်ခဲ့သည့်အတွက်လည်း နောင်တမရဟု မန်နီက ဆိုသည်။

“အရိုးသားဆုံးပြောရရင် အဲဒီတုန်းက ကျွန်တော့်ကိုစိတ်ဝင်စားခဲ့တဲ့ ဘယ်အသင်းကိုမှ မရွေးချယ်ခဲ့ဘူး။ ဘယ်အသင်းမှာ ကစားချင်ပါတယ်လို့ မပြောခဲ့ဘူး။

စိတ်ဝင်စားခံရလို့တော့ ကွင်းထဲမှာယုံကြည်မှုတွေတိုးခဲ့ရတာပေါ့။ ဒါပေမဲ့ အဲဒါကလည်း ကျွန်တော်နည်းမှန်လမ်းမှန်နဲ့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့လို့ဆိုတာ သိပါတယ်”ဟု မန်နီက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags