ဟီလာရီကလင်တန် ဆေးဝါးသုံးမသုံး စစ်ဆေးရဲသလားဆိုပြီး ဒေါ်နယ်ထရန့် စိန်ခေါ်

ဟီလာရီကလင်တန် ဆေးဝါးသုံးမသုံး စစ်ဆေးရဲသလားဆိုပြီး ဒေါ်နယ်ထရန့် စိန်ခေါ်

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၁၆ ။           ။ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် စကားစစ်ထိုးပွဲတွင် ဟီလာရီကလင်တန်က ဆေးဝါးသုံးထားသည်ဆိုကာ ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က စွပ်စွဲလိုက်ပြီး နောက်ထပ် စကားစစ်ထိုးပွဲ မတိုင်မီ နှစ်ဦးစလုံးကို မူးယစ်ဆေးဝါးစစ်ဆေးမှု လုပ်ဆောင်သင့်ကြောင်း ပြောလိုက်သည်။

ထိုပြင် ဒေါ်နယ်ထရန့်က သမ္မတယှဉ်ပြိုင်မှုက ကုလားဖန်ထိုးထားသည့် ရွေးကောက်ပွဲနှင့် ဆင်တူနေပြီဖြစ်ကြောင်းလည်း ပြောသည်။

 ဒေါ်နယ်ထရန့်က လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု စွပ်စွဲခံရခြင်းနှင့် အမျိုးသမီးများအပေါ် ကြမ်းကြမ်းတမ်းတမ်းပြောဆိုထားသည့် ဗီဒီယိုဖိုင်ဟောင်း ထွက်ပေါ်လာ၍ ဝေဖန်မှုများ ခံနေရစဉ် ယခုမှတ်ချက်စကားကို ထုတ်ပြောလာခြင်းလည်းဖြစ်သည်။

အဓိကပြည်နယ်များတွင် မဲရလဒ်များ၌ ဒေါ်နယ်ထရန့်က အဆုံးကြုံနေသည်။

ဟီလာရီကလင်တန်အနေဖြင့် စကားစစ်ထိုးပွဲတွင် အင်အားပါ ဟန်ရေးကြွယ်ရန် ဆေးဝါးကူခဲ့ကြောင်း ထရန့်က နယူးဟမ်ရှိုင်းယား လူထုစုရုံးမှုတွင် ပြောဆိုလာခြင်းဖြစ်သည်။

 “ကျွန်တော်တို့ နှစ်ယောက်စလုံး မူးယစ်ဆေးဝါး စမ်းသပ်မှု စစ်ဆေးသင့်တယ်။”ဟု ထရန့်က ဆိုသည်။

၎င်း၏ စွပ်စွဲပြောဆိုမှုနှင့် ပတ်သက်ပြီး မည်သည့် သက်သေအချက်အလက်မျှ ပေးခြင်းတော့ မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags