ချယ်လ်ဆီးအသင်း ပေါင်သန်း ၉၀၀ တန် ဝတ်စုံစပွန်ဆာရရှိ

ချယ်လ်ဆီးအသင်း ပေါင်သန်း ၉၀၀ တန် ဝတ်စုံစပွန်ဆာရရှိ

အောက်တိုဘာ ၁၄၊ လန်ဒန်။            ။ ချယ်လ်ဆီးအသင်းသည် ၁၅ နှစ်သက်တမ်းအတွက် ပေါင်သန်း ၉၀၀ တန် ဝတ်စုံစပွန်ဆာသစ်ရရှိထားပြီဖြစ်သည်။ လာမည့်ရာသီမှစတင်ပြီး တစ်နှစ်လျှင် ပေါင်သန်း ၆၀ ဖြင့် Nike က စပွန်ဆာပေးမည်ဖြစ်ပြီး ယင်းမှာလက်ရှိစပွန်ဆာ Adidas ထက် နှစ်ဆပိုများသည့် ပမာဏဖြစ်သည်။

ရုရှသူဋ္ဌေး ရိုမန်အေဘရာမိုဗစ်ပိုင်ဆိုင်သည့် ချယ်လ်ဆီးအသင်းကို ဝတ်စုံစပွန်ဆာသစ်ပေးမည့် သဘောတူညီချက်ကို Nike က ကြာသပတေးနေ့တွင် တရားဝင်ကြေညာခဲ့သည်။

ဘောလုံးဝတ်စုံနှင့်ပတ်သက်ပြီး တန်ဖိုးပိုကြီးမားသော စာချုပ်များမှာ ဘာစီလိုနာ၏ Nike နှင့် ရီးယဲလ်မက်ဒရစ်၏ Adidas စာချုပ် တို့ဖြစ်ပြီး ၁၀ နှစ်စာအတွက် တစ်နှစ်လျှင် ပေါင်သန်း ၁၀၀ ခန့်တန်ကြေးရှိသည်ဟုယူဆရကာ နွေရာသီကမှ စာချုပ်ထားကြခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် Nike ၏ ၁၅ နှစ်စာချုပ်မှာ လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် စတင်မည်ဖြစ်ပြီး ၂၀၃၂ ခုနှစ် အထိဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိစပွန်ဆာ Adidas နှင့် စာချုပ်သက်တမ်း ၂၀၂၃ ထိကျန်ရှိနေသေးသော်လည်း ခြောက်နှစ်စော၍ ဖျက်သိမ်းခဲ့ရာတွင် ပေါင်သန်း ၄၀ ပေးခဲ့ရသည်ဟု သတင်းများကဖော်ပြခဲ့ကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags