အန်စီအေ လက်မှတ်ရေးထုုိးနုုိင်ရေး DPN နှင့် အစုုိးရ နေပြည်တော်တွင် တွေ့ဆုံုမည်

အန်စီအေ လက်မှတ်ရေးထုုိးနုုိင်ရေး DPN နှင့် အစုုိးရ နေပြည်တော်တွင် တွေ့ဆုံုမည်

ချင်းမိုင်၊ အောက်တိုဘာလ ၁၃ ။                  ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေး ကော်မရှင် နှင့် နိုင်ငံရေးညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ အလုပ် အ မှုဆောင် ကော်မတီက အောက်တိုဘာလ ၁၃ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌  အစည်းအဝေးကျင်းပနေခြင်းဖြစ်သည်။

“ဒီပီအန် အဖွဲ့အနေနဲ့ ပြည်တွင်းကို သွားညှိရမယ်။ အဲဒီအတွက်ကို သူတို့အနေနဲ့ဗဟိုအလုပ်အမှုဆောင်ရဲ့ သဘော ထားကို ရယူတဲ့ သဘောပါ။ အဓိကတော့ မနက်ဖြန် သဘက်ခါသွားမယ်။ အန်စီအေအတွက် အထောက်အကူဖြစ်ဖို့ တင်ပြထားတဲ့ ၈ ချက်ကိစ္စကို သွားပြီး နေပြည်တော်မှာ သွားညှိရမယ်။ ၈ ချက်အပေါ်မှာ နားလည်မှုရှိရင် Fram work ကိုလည်း ဆက်လက် ညှိဖို့ လိုသေးတယ်” ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

UNFC ဗဟို အလုပ်အမှုဆောင် ကော်မတီအနေဖြင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း အစိုး ရနှင့် တွေ့ဆုံဆွေးနွေးမှုများ မပြတ်စေရန်၊ တိုက်ပွဲများ လျော့ချနိုင်ရေး သို့မဟုတ် ရပ်တန့်သွားနိုင်ရန်အတွက် ဆွေးနွေး ပွဲတွင် ထည့်သွင်းဆွေးနွေးသွားရန် DPN ကို လမ်းကြောင်းပေးခဲ့သည်ဟု သူက ပြောသည်။

UNFC မှ တင်ပြထားသည့် အချက် ၈ ချက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်ရန်၊ စောင့်ကြည့်ရေးအဖွဲ့ကို ခိုင်ခိုင်မာမာ ဖြစ်စေရန် တင်ပြထားမှုအပေါ် သွားရောက် ညှိနှိုင်းကြမည် ဖြစ်သည်။

“အဓိက အားလုံး အပစ်အခတ် ရပ်စဲရေးကို ခိုင်ခိုင်မာမာဖြစ်ဖို့၊ စောင့်ကြည့်ရေးကိစ္စကို နိုင်ငံတကာ ပါဝင်နိုင်ဖို့ ကြိုးစား တယ်။ ဘာကြောင့်လည်းဆိုတော့ အန်စီအေ လက်မှတ် ထိုးထားတယ်။ အာစီအက်စ်အက်နဲ့တောင် တိုက်ပွဲတွေ ဖြစ်နေ တယ်။ ဒါက အန်စီအေရဲ့ မခိုင်မာမှု သဘောပါဘဲ။ ကျနော်တို့ကတော့ အန်စီအေကို ခိုင်ခိုင်မာမာ ဖြစ်စေချင်တယ်။ စောင့်ကြည့်တဲ့အဖွဲ့ ခိုင်ခိုင်မာမာဖြစ်ဖို့ ရှိထားဖို့လိုတယ်။ အဲဒါတွေ သွားပြီး ညှိနှိုင်းမှာပါ” ဟု နိုင်ဟံသာက ပြောသည်။

စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေး၊ သုံးပွင့်ဆိုင် ဖြစ်ပေါ်လာရေး စသည့်အချက်များ အပါအဝင် အချက် ၈ ချက်ကို တင်ပြထားခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်များတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် ပတ်သက်၍ အစည်းအဝေး ကျင်းပမည် ဖြစ်ရာ DPN အနေဖြင့် ၎င်းတို့ တင်ပြထားသည့် အချက် ၈ ချက်အပေါ် သဘောတူညီမှု ရရှိပါက ယင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်ကလည်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးမှုတွင်လည်း UNFC မှ တင်ပြထားသည့် အချက် ၈ ချက်အပေါ် နည်းလမ်းရှာ ဆွေး နွေးခဲ့ကြသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly