ဘင်္ဂလားဒေ့ရှ်တွင် ဆယ့်သုံးနှစ်ကလေးကို သေသည့်အထိ ရိုက်နှက်သည့် ဗီဒီယိုကို ရိုက်နှက်ခဲ့ သူများကိုယ်တိုင် အွန်လိုင်းတင် ခဲ့ကြရာမှ ဆန္ဒပြမှုများဖြစ်

ဘင်္ဂလားဒေ့ရှ်တွင် ဆယ့်သုံးနှစ်ကလေးကို သေသည့်အထိ ရိုက်နှက်သည့် ဗီဒီယိုကို ရိုက်နှက်ခဲ့ သူများကိုယ်တိုင် အွန်လိုင်းတင် ခဲ့ကြရာမှ ဆန္ဒပြမှုများဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆယ့်သုံးနှစ် အရွယ်ယောက်ကျားလေး တစ်ဦးကို သူခိုးဟု စွပ်စွဲကာ သေသည့် အထိရိုက်နှက်သည့် ဗီဒီယိုဖိုင်ကို ယင်းသို့ ရိုက်နှက်သတ်ဖြတ်သည့် လူတစ်စုက အွန်လိုင်းလူမှုမီဒီယာပေါ်တင်ခဲ့ရာမှ ဆန္ဒပြမှုများဖြစ် ပွားလျက်ရှိ သည်။

ကူမာဂါယွန်အရပ်တွင် ဆာမီအယ်အလမ်ရာဂျီအွန်ဆိုသည့် ဆယ်ကျော်သက်အား သံကြိုးဖြင့် ရိုက်နှက်ပုံ၊ ထိုသို့ရိုက်နှက်နေစဉ် သရော်ရယ်မောနေကြပုံများကို ဗီဒီယိုဖိုင်တွင် တွေ့မြင်ရသည်။

ရိုက်နှက်ခံရသည့် ကောင်လေးက ဒဏ်ရာများဖြင့် သေလုမျောပါးအချိန် တောင်းတောင်းပန်ပန်ဖြင့် ရေတစ်ခွက် တိုက်ပေးပါဟု ဆိုသော်လည်း တိုက်ခိုက်သူများက ငြင်းဆန်ခဲ့သည်။

အလောင်းစစ်ဆေးသူမူခင်းဆရာဝန်က ရာဂျီအွန်သည် ခေါင်းတွင် ဒဏ်ရာပြင်းစွာရ၍ သေဆုံးခြင်းဖြစ်သည်ဟု ပြောကြားသည်။

ယင်းသို့ တိုက်ခိုက်သူများကိုယ်တိုင်က အွန်လိုင်းပေါ်တင်ခဲ့သည့် ဗီဒီယိုကြောင့် စိတ်ဆိုးဒေါသထွက်သည့် လူရာပေါင်းများစွာက တိုက်ခိုက်သူများအား ရှာဖွေဖမ်းဆီးကာသေဒဏ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ရာဂျီအွန်၏ဖြစ်ရပ်သည် အဖြစ်အပျက် တစ်ခုသက်သက်မဟုတ်ဘဲ နိင်ငံ၏ တရားစီရင်ရေးကို လိုအပ်ချက်များကို ဖော်ပြနေကြောင်း ဆန္ဒပြသူများက ပြောကြသည်။

”ကျွန်တော်က တရားမျှတမှုလိုချင်ပါတယ်။”ဟု ရာဂျီအွန်၏ ဖခင်ဖြစ်သူ ရာမန်က ပြောသည်။ သားယောက်ကျားလေးနှစ်ဦးရှိသည့် ရာမန်က ဆင်းရဲနွမ်းပါးသည့်အတွက် သားများကို အလုပ်လုပ်စေခိုင်းရကြောင်း၊ သားကြီးဖြစ်သူ ရာဂျီအွန်မှာခေါင်းရွက် ဗျက်ထိုးဈေးသည်လုပ်ကာ အိမ်ကိုရှာကျွေးနေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

Ref: CNN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly