လူကုုန်ကူးခံရသည့် မြန်မာအလုုပ်သမား ၁၇ ဦးကုုိ ထုုိင်း ငါးဖမ်းလှေဆိပ်တွင် ကယ်တင်နုုိင်ခဲ့

လူကုုန်ကူးခံရသည့် မြန်မာအလုုပ်သမား ၁၇ ဦးကုုိ ထုုိင်း ငါးဖမ်းလှေဆိပ်တွင် ကယ်တင်နုုိင်ခဲ့
ဓါတ်ပုံ အောင်မြတ်သူ ဖေ့ဘုတ်

ချင်းမိုင်၊ အောက်တိုဘာ ၁၃ ။             ။ ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်းငါးဖမ်းလှေတွင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) နှင့် ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး စုံစမ်းထောက်လှမ်းရေးအဖွဲ့ (DSI)တို့ ပူးပေါင်း အ ဖွဲ့က အောက်တိုဘာလ ၁၂ ရက်က ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းတောင်ပိုင်း ကီလိုမီတာ ၃၀၀ ကျော် အကွာအဝေးရှိ ပကျွတ်ခရီခန် (Prachuap Khiri Khan)နယ်မြေ အုန်းနွဲ့ ငါး ဖမ်း လှေဆိပ်တွင် အဆိုပါ မြန်မာနိုင်ငံသား ၁၇ ဦးအား ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း MAT ဥက္ကဌ ဦးကျော်သောင်း က ပြောသည်။

“သူတို့ကို ထိုင်းနိုင်ငံတောင်ပိုင် ပချွတ်ခ ရေငန်နယ်မြေ အုန်းနွဲ့ ငါးဖမ်းလှေဆိပ် အိမ်နံပါတ် ၅ နဲ့ ၈ ပေါ်က ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့တယ်ပေါ့နော်။ နောက်ပြီးတော့ မြန်မာပွဲစားမ တစ်ဦးရဲ့ အိမ်ထဲမှာ တံခါးပိတ်ထားတာက ၄ ယောက် စု စုပေါင်း ၁၇ ယောက်ပါ။ ရန်ကုန်တိုင်း ရွှေလင်ဘန်း စက်မှုစုံ ကျူးကျော်နယ်မြေက ကလေးတွေ ဖြစ်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် အနည်းဆုံး ၂ လမှ အများဆုံး ၄ နှစ်အထိ လူကုန်ကူးခံထားရပြီး အသက် ၁၅ နှစ် အ ရွယ် ၂ ယောက်နှင့် ၁၇ နှစ် အရွယ် ၄ ဦး ပါဝင်ကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ရွှေလင်ဘန်း စက်မှုစုံ၊ ပဲခူးတိုင်းနှင့် မွန် ပြည်နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

“သူတို့တွေကို လှေပေါ်မှာ ငါးကျွေးရမယ်။ တလ ၃ သိန်းရမယ်ဆိုပြီးတော့ ခေါ်လာတယ်။ ဒီကိုရောက်လာမှ ဘယ်ကို ရောက်မှန်း မသိ၊ ညဘက်ကြီးမှာ ကားတွေနဲ့ တဆင့်ပြီး တဆင့်တင်လာတော့ လုပ်အားခတွေလည်း မရဘူး။ သူတို့က လှေပေါ်က မနေ့ကရောက်တယ်။ ငါးတွေ၊ ငါးပိတွေတင်တယ်။ ပြီးတော့ တံခါးပိတ်ထားတယ်။ ဒီမနက်မှ တံခါးဖွင့်ပြီး တော့ အပြင်ကို ထုတ်တယ်။ ပြီးတော့ အပြင်ကို လွတ်လွတ်လပ်လပ်သွာလို့ မရဘူး”ဟု ဦးကျော်သောင်းက ပြောသည်။

အောက်တိုဘာလ ၁၁ ရက်က ရန်ကုန်တိုင်း လိုင်သာယာမြို့နယ်၊ ဧရာဝတီတိုင်း မြန်အောင်နှင့် ပဲခူးတိုင်း ရဲစခန်းတို့မှ မြဝတီ ရဲစခန်းသို့ လူကုန်ကူးခံရသူ ၆ ဦးအမည်များကို ရေးသားပေးပို့ခဲ့သဖြင့် MAT မှ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက် ဖျက်ရေး စုံစမ်းထောက်လှမ်းရေးအဖွဲ့ (DSL)အား အကူအညီတောင်းကာ လိုအပ်သည့် သတင်းအချက်အလက်များ ပေးပို့၍ ယနေ့ မွန်းလွဲပိုင်း ၁ နာရီခန့်တွင် အဆိုပါ မြန်မာနိုင်ငံသား ၁၇ ဦးကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား ၁၇ ဦးတွင် ထိုင်းအစိုးရက ထုတ်ပေးထားသော အပန်းရောင်ကဒ်လက်မှတ်များ ကိုင် ဆောင်ထားပြီး ပကျွတ်ခရီခန် စခန်းတွင် လူကုန်ကူးမှု မြောက်မမြောက် စစ်ဆေးနေစဲဖြစ်ပြီး တရားဥပဒေအရ အရေး ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးသူများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးသေ်ာလည်း မြန်မာအလုပ်သမားများအား ခိုင်းစေနေသော မွန်အမျိုးသမီး ပွဲစားတစ်ဦးအား ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု ဦးကျော်သောင်းက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်က DSL က မြန်မာသံရုံးအဖွဲ့နှင့် MATတို့အား လူကုန်ကူးမှု ပပျောက်ရန်အတွက် ပူးပေါင်းလုပ် ဆောင်ခဲ့သဖြင့် ဂုဏ်ပြုဆုချီးမြင့်ခဲ့ပြီးနောက် အောက်တိုဘာလအတွင်း ပထမဆုံးအကြိမ် လူကုန်ကူးခံရသူ မြန်မာနိုင်ငံ သား ၁၇ ဦးကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly