ရီးယဲလ်မက်ဒရစ်နှင့် ငါးနှစ်စာချုပ်သစ်ချုပ်ရန် စီရော်နယ်ဒို နီးစပ်

ရီးယဲလ်မက်ဒရစ်နှင့် ငါးနှစ်စာချုပ်သစ်ချုပ်ရန် စီရော်နယ်ဒို နီးစပ်

အောက်တိုဘာ ၁၃၊ မက်ဒရစ်။                            ။ စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ငါးနှစ်စာချုပ်သစ်ချုပ်ရန် နီးစပ်နေပြီဟု သတင်းများထွက်ပေါ်နေသည်။

ပေါ်တူဂီစူပါကြယ်ပွင့်ကို အသင်းဟောင်း မန်ယူကပြန်လည်ခေါ်ယူချင်နေသော်လည်း ယင်းကစားသမားအနေဖြင့် လက်ကျန် ဥရောပကစားသမားဘဝကို စပိန်တွင်သာဆက်လက်ကုန်ဆုံးဖွယ်ရှိနေသည်။

စီရော်နယ်ဒို၏ အေးဂျင့် ဂျော့ချ်မန်ဒက်စ်သည် ရီးယဲမက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် အလေးအနက်ဆွေးနွေးနေသည်ဟု စပိန်သတင်းစာ Sport က ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ကစားသမား၏ စာချုပ်သစ်သက်တမ်းမှာ ၂၀၂၁ ထိဖြစ်ရာ မန်ယူအသင်းသို့ ပြန်ကစားရန် ဖြစ်နိုင်ဖွယ် မရှိသည့် အနေအထားပင်ဖြစ်သည်။

ဖော်ပြထားသောသတင်းအရ စီရော်နယ်ဒိုသည် တစ်နှစ်ယူရို ၂၃ သန်းရရှိမည်ဖြစ်ကာ ဘာစီလိုနာမှ ပြိုင်ဘက် မက်ဆီပြီးနောက် လာလီဂါတွင် ဒုတိယလစာအများဆုံးဖြစ်လာမည် ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပေါ်တူဂီတိုက်စစ်မှူးကို ကာလတိုစာချုပ်သာထပ်ချုပ်ချင်သည်ဟု သတင်းထွက်နေသော်လည်း မကြာသေးမီကာလအတွင်းက အပြောင်းအရွှေ့ပိတ်ခံထားရသည့်ပြဿနာကြောင့် ကာလရှည်စာချုပ်ရန် အစီအစဉ်ပြောင်း ခဲ့ရခြင်းဖြစ်ဖွယ်ရှိသည်။

လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် စီရော်နယ်ဒို၏ စာချုပ်ကိစ္စကို နှစ်ပတ်၊ သုံးပတ်အတွင်း ထုတ်ဖော်ကြေညာဖွယ်ရှိနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly