ရခိုင်လူထုအတွက် အစိုးရအနေဖြင့် လုံခြံုရေး ပိုမိုတိုးမြှင့်သင့်ကြောင်း AA အဖွဲ့ပြော

ရခိုင်လူထုအတွက် အစိုးရအနေဖြင့် လုံခြံုရေး ပိုမိုတိုးမြှင့်သင့်ကြောင်း AA အဖွဲ့ပြော

ချင်းမိုင်၊ အောက်တိုဘာ ၁၃ ။                ။ လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူလူထု၏ လုံခြုံရေး စိုးရိမ်ရသဖြင့် အစိုးရအနေဖြင့် လုံခြုံရေး ပိုမိုတိုးမြင့်လုပ်ဆောင်သင့်ကြောင်း ရက္ခိုင့်တပ်မတော်(AA)က ပြော ဆိုလိုက်သည်။

 

မောင်တောဒေသအတွင်း လုံခြုံရေး တပ်စခန်းအား ခိုးဝင်လာသည့် အကြမ်းဖက် ကျူးလွန်သူများ တိုက်ခိုက်နိုင်သည့် အနေအထား ရောက်လာပြီဖြစ်၍ လုံခြုံရေးအဆင့်မြင့်တိုးမြင့် ချသင့်ကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

 

“အခုဖြစ်တဲ့ဥစ္စာက လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ရိုက် တိုက်ခိုက်လာတဲ့ အဆင့် ရောက်လာတော့ ဒါလုံခြုံရေး စည်း ချိုးဖောက်တာမက တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို တိုက်ရိုက်ထိခိုက်လာတဲ့ အနေအထားရောက်တော့ အဲဒီ ဒေ သမှာရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဟာ ပြည်သူကို ကာကွယ်ပေးနိုင်တဲ့ အနေအထား နည်းသွားတယ်။ အဲဒါကြောင့် လုံခြုံ ရေးတပ်ဖွဲ့တွေရဲ့ အနေအထားကို အစိုးရ အနေနဲ့ တကယ် ပြည်သူကို ကာကွယ်နိုင်တဲ့ အနေအထားရှိအောင် အ ဆင့် မြင့်ပြီးတော့ ပြုပြင်ပေးဖို့ လိုတဲ့အနေအထားရှိတာပေါ့ဗျာ။ အခုဆိုရင် အနာဂတ်မှာ အဲဒီဒေသခံတွေရဲ့ လုံခြုံရေး၊ အထူး သဖြင့် ဒေသခံ ရခိုင် လူမျိုးစုတွေရဲ့လုံခြုံရေးက တော်တော်ကို စိုးရိမ်စရာရှိတယ်ဗျ” ဟု သူက ပြောသည်။

 

လတ်တလော ဖြစ်ပွားနေသောကိစ္စအပေါ် AA အနေဖြင့် မည်သည့် လုပ်ဆောင်မှုများ ရှိမရှိ မေးမြန်းခဲ့ရာ လက်ရှိ ဖြစ် ပွားနေသော ဒေသသည် အစိုးရ ထိန်းချုပ်မှုအောက်တွင် ဖြစ်ပွားနေ၍ အစိုးရကသာ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း သူက ပြောသည်။

 

ထို့ပြင် ရခိုင်ပြည်နယ်အရေး အားလုံးတွင် AA နှင့် သက်ဆိုင်နေသော်လည်း လက်ရှိအခြေအနေတွင် AA က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခြင်းမရှိခြင်းကြောင့် တစ်စုံတစ်ရာ အကူအညီ ပေးရန် သို့မဟုတ် ပူးပေါင်းလုပ်ဆောင်နိုင်ခွင့် မရှိကြောင်း ခိုင်သုခက ပြောသည်။

 

“မောင်တောဒေသက အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ နေရာဖြစ်တယ်။ ကျနော်တို့ ထိန်းချုပ်ထားတာ မဟုတ်ဘူး။ တကယ်လို့ ကျနော်တို့က တခုခုပါဝင်ပြီးတော့ ကူညီချင်တယ်ဆိုရင်တောင်မှ အစိုးရနဲ့ ကျနော်တို့နဲ့က သ ဘောတူညီချက်တခု ရဖို့လိုသေးတယ်။ ကျနော်တို့က အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော်တို့အကူအညီပေးချင်တယ်။ တခုခုလုပ်ဆောင်ချင်တယ်ဆိုတယ်ဆိုရင် အစိုးရနဲ့ကျနော်တို့နဲ့ တိုက်ရိုက် သွားတိုးနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့က ဒီအခြေအနေမှာ ဘာလုပ်ပေးမလဲလို့ မေးရင် ဘာမှမလုပ် ပေးနိုင်သေးဘူး” ဟု သူက မဇျွိမကို ပြောသည်။

 

အောက်တိုဘာလ ၉ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အကြမ်းဖက်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦးနှင့် တပ်မတော်မှ ၅ ဦး ကျဆုံးခဲ့ရပြီး လက်ရှိတွင် ထိတွေ့မှုများ ဆက်လက်ဖြစ်ပွားနေစဲ ဖြစ်သည်ဟု သိ ရသည်။

 

လက်ရှိတွင် ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ည မထွက်ရအမိန့် ထုတ် ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly