ဒေါ်နယ်ထရန့်က အပြည်ပြည်ဆိုင်ရာအန္တရာယ်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး ပြော

ဒေါ်နယ်ထရန့်က အပြည်ပြည်ဆိုင်ရာအန္တရာယ်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး ပြော

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၂ ။          ။ ဒေါ်နယ်ထရန့်၏ အလွန်ကမောက်ကမနိုင်ပြီး အနှောင့်အသွားမလွတ်သည့် အမြင်များက ၎င်းကိုယ်ကို အပြည်ပြည်ဆိုင်ရာ အန္တရာယ်ရှိသူ တစ်ဦး ဖြစ်စေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက ပြောသည်။

ထရန့်၏ စိတ်အနှောင့်အယှက်ဖြစ်စရာ မှတ်ချက်စကားများနှင့် အားနည်းသည့်အဖွဲ့အစည်းများအပေါ် သဘောထားများကို ရည်ညွန်းကာ ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအိဒ်ဟူစိန်က
ပြောလိုက်ခြင်းဖြစ်သည်။

ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်၏ မဲဆွယ်ပွဲများမှာ အငြင်းပွားဖွယ်ရာ မှတ်ချက်စကားများဖြင့် ပြည့်နှက်နေသည်။

မကြာသေးမီအတောအတွင်း၌လည်း အမျိုးသမီးများနှင့် ပတ်သက်ပြီး ကြမ်းတမ်းသည့် မှတ်ချက်စကားများကြောင့် အကြီးအကျယ် နိုင်ငံရေးမျက်နှာပန်းမလှ ဖြစ်ခဲ့ရသည်။

ဂျနီဗာတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက “ထရန့်ရဲ့ ပြောစကားများကို အခြေခံပြီး ရွေးကောက်ပွဲမှာ အနိုင်ရသွားရင်၊ နောက်ပိုင်းလည်း အပြောင်းအလဲ မရှိခဲ့ရင် ကျွန်တော်တော့ သံသယကင်းကင်းနဲ့ ထင်မြင်ပါတယ်။ ဘာလည်းဆိုတော့ အပြည်ပြည်ဆိုင်ရာအမြင်မှာ ထရန့်က အန္တရာယ်ဖြစ်လာမှာပဲ  ဖြစ်ပါတယ်။”ဟု  ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly