စပါးအသင်း ဖလားရပြီဟု ခန့်မှန်းရန် စောလွန်းနေသေးကြောင်း ပိုချက်တီနိုပြော

စပါးအသင်း ဖလားရပြီဟု ခန့်မှန်းရန် စောလွန်းနေသေးကြောင်း ပိုချက်တီနိုပြော

အောက်တိုဘာ ၁၂၊ လန်ဒန်။          ။ စပါးအသင်းအနေဖြင့် ပရီးမီးယားလိဂ် ဖလားရရန် စောင့်ဆိုင်းနေခဲ့ရမှုကို အဆုံးသတ်ချိန်တန်ပြီဟု ပြောဆိုနေမှုများကို သဘော မတူကြောင်း နည်းပြပိုချက်တီနိုက ဆိုသည်။

စပါးအသင်းသည် လက်ရှိရာသီတွင် ရှုံးပွဲမရှိသေးဘဲ အမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်နေသော်လည်း ဆုဖလားရနိုင်မှု အခြေအနေကိုမူ ပြောဆိုရင် ပိုချက်တီနိုက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

“အဲဒါက ကျွန်တော့်အတွက် ခက်ပါတယ်။ ဖလားရနိုင်ပြီလို့ပြောဖို့ စောလွန်းနေသေးတယ် ထင်ပါတယ်။ ကျွန်တော်တို့ဟာ သိပ်ကောင်းတဲ့ စီမံကိန်းနဲ့ အသင်းကို တည်ဆောက်နေတုန်းလို့ ထင်ပါတယ်။

ကျွန်တော်တို့ အချိန်လိုပါတယ်။ ငယ်ရွယ်တဲ့လူစာရင်းကို ပိုင်ဆိုင်ထားတာကြောင့်ပါ”ဟု ပိုချက်တီနိုက ပြောသည်။

စပါးအသင်းသည် ပြီးခဲ့သည့်လက ပရီးမီးယားလိဂ်တွင် ရေပန်းစားနေသည့် မန်စီးတီးကို ၂-၀ ဖြင့်နိုင်လိုက်သဖြင့် ဖလားရနိုင် သည့်အသင်းအဖြစ် အားကောင်းစွာယူဆခံနေရသော်လည်း ဖလားရပြီ ဆိုသည့်ပြောဆိုမှုများကို ပိုချက်တီနိုက အလျင်အမြန်ပင် ပယ်ချခဲ့သည်။

စပါးအသင်းနှင့် တတိယ ရာသီအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည့် ပိုချက်တီနို၏ စွမ်းဆောင်ရည်ကို စကိုင်းမှသုံးသပ်သူ၊ ပရီးမီးယားလိဂ်ဖလားရ ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကလည်း ချီးကျူးခဲ့သည်။

မန်စီးတီးကိုအနိုင်ရထားသည့် စပါးအသင်းသည် စနေနေ့တွင် ဝက်စ်ဘရွန်းအသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly