ဟာနန်ခရက်စပို၏ ကမ္ဘာ့ဖလားခြေစစ်ပွဲသွင်းဂိုးစံချိန်ကို ဆွာရက်ဇ်လိုက်မီ

ဟာနန်ခရက်စပို၏ ကမ္ဘာ့ဖလားခြေစစ်ပွဲသွင်းဂိုးစံချိန်ကို ဆွာရက်ဇ်လိုက်မီ

အောက်တိုဘာ ၁၂ ။          ။ ကိုလံဘီယာနှင့်ဥရုဂွေးတို့ နှစ်ဂိုးစီသရေကျခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် ဥရုဂွေးအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။

ထိုဂိုးမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ဥရုဂွေးအသင်းအတွက် ဆွာရက်ဇ်သွင်းယူသော ၁၉ ဂိုးမြောက်သွင်းဂိုးဖြစ်သည်။ ထို့ကြောင့် ဆွာရက်ဇ်သည် တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ၁၉ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားသော အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ဟာနန်ခရက်စပို၏စံချိန်ကို လိုက်မီသွားခဲ့သည်။

ဆွာရက်ဇ်သည် အီတလီနောက်ခံလူ ချီလီနီ၏ ပုခုံးကို ကိုက်ခဲ့သောကြောင့် နိုင်ငံပွဲများမှ ကာလရှည်အနားယူခဲ့ရသော်လည်း ဥရုဂွေးအသင်းအတွက် ပြန်လည်ပါဝင်ခွင့်ရချိန်တွင် ခြေစွမ်းပြ ကစားနိုင်သူ ဖြစ်သည်။

ဆွာရက်ဇ်သွင်းယူခဲ့သည့်ဂိုးမှာ ပွဲချိန် ၇၃ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်ပြီး ၂-၁ ဂိုးဖြင့် ဦးဆောင်စေနိုင်ခဲ့သည့်ဂိုးလည်းဖြစ်သည်။ သို့သော် ထိုဂိုးမှာ ဥရုဂွေးအသင်းအတွက် အနိုင်ရရန် လုံလောက်မှုမရှိခဲ့ဘဲ ပွဲချိန် ၈၄ မိနစ်တွင် ချေပဂိုးပြန်ပေးခဲ့ရကာ ၂-၂ ဂိုးဖြင့် သရေကျခဲ့ရသည်။

ဥရုဂွေးက သရေကျခဲ့ပြီး တစ်ဖက်တွင် ဘရာဇီးက ဗင်နီဇွဲလားကို အနိုင်ရသွားသည့်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအမှတ်ပေးဇယားတွင် ဥရုဂွေးအသင်းမှာ အဆင့်တစ်နေရာကို ဘရာဇီးအားဖယ်ပေးခဲ့ရသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags