စင်ကာပူတွင် အာဆင်နယ်အသင်း၏ အဝေးကွင်းဝတ်စုံသစ် မိတ်ဆက်ပွဲ ပြုလုပ်

စင်ကာပူတွင် အာဆင်နယ်အသင်း၏ အဝေးကွင်းဝတ်စုံသစ် မိတ်ဆက်ပွဲ ပြုလုပ်

ဇူလိုင် ၁၅၊ စင်ကာပူ။ ။ အာဆင်နယ်အသင်းသည် ယခုနှစ်ရာသီတွင် ဝတ်ဆင်မည့် အဝေးကွင်းဝတ်စုံ မိတ်ဆက်ပွဲ အခမ်းအနားကို စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အာဆင်နယ်အသင်း၏အဝေးကွင်းဝတ်စုံမှာ ရွှေရောင်နှင့် နက်ပြာရောင်(ဗြိတိန်ရေတပ်အရောင်)တို့ကို ရောစပ်ထားခြင်းဖြစ်သည်။ အင်္ကျီမှာ ရွှေရောင်နှင့် နက်ပြာစပ်ထားပြီး စိန်ပွင့်ပုံစံ ရှိတ်များပါရှိသည်။ ဘောင်းဘီနှင့် ခြေအိတ်မှာ နက်ပြာရောင်ဖြစ်သည်။

ထိုဂျာစီအရောင်မှာ ၂၀၀၂ ခုနှစ်က ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည့် အာဆင်နယ်အသင်းကို ပြန်လည်အမှတ်ရစေခဲ့သည်။ ထို ၂၀၀၁-၀၂ ရာသီက အာဆင်နယ်အသင်းသည် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ချယ်လ်ဆီးကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် လေးရက်အကြာတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ မန်ယူကို ဝီတော့၏ဂိုးဖြင့် အနိုင်ရကာ ပြည်တွင်းဆုဖလားနှစ်လုံးကို ဆွတ်ခူးနိုင်ခဲ့သည်။

အာဆင်နယ်ပရိသတ်များသည် ဂိုးသမားပီတာချက်အသင်းသို့ ရောက်ရှိလာခြင်းနှင့်အတူ ယခုနှစ်တွင် အောင်မြင်မှုများ ပြန်လည်ရရှိမည်ဟု ယုံကြည်လျက်ရှိနေကြသည်။

ထိုမိတ်ဆက်ပွဲအခမ်းအနားတွင် ဂိုးသမားများဖြစ်သည့် ပီတာချက်နှင့် ဆက်ဇီနီ၊ ဂါဘရီရယ်၊ ဘယ်လာရင်၊ ဂီရော့ဒ်၊ ကာဇိုလာ၊ အိုဇေးလ်၊ ဝီလ်ရှိုင်းယား၊ ဖလာမီနီနှင့် အာတီတာတို့က ဝတ်စုံများကို ဝတ်ဆင်ပြသခဲ့သည်။ ဝတ်စုံသစ်မိတ်ဆက်ပွဲအခမ်းအနားကို စင်ကာပူရှိ အာဆင်နယ်ပရိသတ်များစွာက တက်ရောက် အားပေးခဲ့ကြသည်။

အာဆင်နယ်အသင်းသည် စင်ကာပူနိုင်ငံတွင် အဲဗာတန်၊ စတုခ်စီးတီး၊ စင်ကာပူအောစတားအသင်းတို့နှင့် Barclays Asia Trophy ပြိုင်ပွဲ ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly