အာဆင်နယ်အသင်းနှင့် အဆက်အသွယ်ရှိခဲ့ဟု လက်စတာကစားသမား မာရက်ဇ်ဝန်ခံ

အာဆင်နယ်အသင်းနှင့် အဆက်အသွယ်ရှိခဲ့ဟု လက်စတာကစားသမား မာရက်ဇ်ဝန်ခံ

အောက်တိုဘာ ၁၁၊ လက်စတာ။                ။ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်အသင်းက ဆက်သွယ်လာခဲ့သော်လည်း အပြောင်းအရွှေ့ဖြစ်မြောက်ရန် မိမိဘက်က ဖိအားပေးခဲ့ခြင်းမရှိဟု လက်စတာကွင်းလယ်ကစားသမား မာရက်ဇ်ကဝန်ခံပြောဆိုလိုက်သည်။

ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုရ ကစားသမားကို အာစင်ဝင်းဂါးကလိုချင်ခဲ့ပြီး မာရက်ဇ်ကလည်း အာဆင်နယ်သို့ ပြောင်းရန်စိတ်ဝင်စားခဲ့သည်ဟု ပြင်သစ်တွင်သတင်းများထွက်ပေါ်ခဲ့သည်။

ယခုအခါ မာရက်ဇ်က အာဆင်နယ်အသင်း၏ချဉ်းကပ်မှုကို ထုတ်ဖော်ဝန်ခံခဲ့သော်လည်း အပြောင်းအရွှေ့အတွက် မိမိဘက်မှ တွန်းအားပေးခဲ့ခြင်းမရှိဟု ပြောသည်။

“အာဆင်နယ်အသင်းနဲ့ အဆက်အသွယ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်စတာအသင်းက ကျွန်တော့်ကိုဆက်ထိန်းထားချင်ခဲ့ပြီး ကျွန်တော့်ရဲ့ပြောင်းရွှေ့ကြေးကလည်း ဈေးကြီးခဲ့ပါတယ်။

ကမ်းလှမ်းမှုရောက်လာတဲ့အခါ ပြဿနာတွေကို ကျွန်တော်မဖန်တီးချင်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့အမြင်အရ ဒီမှာဆက်နေဖြစ်တာ ကောင်းတယ်လို့ထင်ပါတယ်။

ခြေစွမ်းကို နောက်တစ်ကြိမ်သက်သေပြဖို့ ကျွန်တော့်အပေါ်မှာပဲ မူတည်ပါတော့တယ်” မာရက်ဇ်က ပြောသည်။ ၂၀၁၄ တွင် လက်စတာသို့ပြောင်းလာပြီးမကြာမီ အသက် ၂၅ နှစ်အရွယ်ကစားသမားကို မာဆေးကလည်း ခေါ်ယူချင်ခဲ့သေးသည်။

Ref; Mirrro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly