နိုင်ငံတော်အချူပ်အခြာအာဏာကို ထိပါးစော်ကားခံနေရပြီဟု ရခိုင်အမျိုးသားပါတီ ထုတ်ပြန်

နိုင်ငံတော်အချူပ်အခြာအာဏာကို ထိပါးစော်ကားခံနေရပြီဟု ရခိုင်အမျိုးသားပါတီ ထုတ်ပြန်

စစ်တွေ၊ အောက်တိုဘာ ၁၀ ။              ။ ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် တပ်စခန်းများသို့ ဝင်ရောက် စီးနင်းကာ လက်နက်များအား လုယူမှု ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများ၏ လုပ်ရပ်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးစော်ကားလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက် သည်။

မောင်တောနှင့် ယင်းခရိုင်တို့ ထိစပ်တည်ရှိနေသည့် ဒေသများမှ တိုင်းရင်းသားများ၊ ဝန်ထမ်းများ၏ အသက်အိုးအိမ် စည်းစိမ် အစရှိသည့် လူမှုဘဝများအား ပါတီအနေဖြင့် စိုးရိမ်ပူပန်မိကြောင်းနှင့်  အဆိုပါ ဒေသတွင်း နေထိုင်လျှက် ရှိ ကြသည့် တိုင်းရင်းသားများ၏ လုံခြုံရေးကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး တိုးမြှင့် ကာကွယ်ပေးရန်လည်း ကြေညာ ချက်တွင် ဖော်ပြပါရှိသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို တာဝန်ရှိတဲ့ ပြည်ထောင်စု အစိုးရအနေနဲ့ မောင်တော ခရိုင်မှာရှိတဲ့ အရပ် သားတွေကို အမြန်ဆုံး အကာအကွယ်ပေးဖို့ လုံခြုံမှုပေးနိုင်ဖို့အတွက်ကို   မျှော်လင့်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

မောင်တော ဒေသတွင်းမှ လုံခြုံရေးဌာနချုပ်နှင့် စခန်းများအား အကြမ်းဖက်သမားများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ၏ လုံခြုံရေးဝန်ထမ်းများ သေဆုံးကာ လက်နက်အများအပြား ဆုံးရှုံးလိုက်ရပြီး မျှော်လင့်မထားသည့် နောက် ဆက်တွဲ ဖြစ်ရပ်များ ပေါ်ပေါက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly