ဆီးရီးယားတွင် အမြဲတမ်း ရေတပ်စခန်းတစ်ခု ထားရှိရန် ရုရှ စီစဉ်

ဆီးရီးယားတွင် အမြဲတမ်း ရေတပ်စခန်းတစ်ခု ထားရှိရန် ရုရှ စီစဉ်

အောက်တိုဘာ ၁၀ ။              ။ ဆီးရီးယားဆိပ်ကမ်းမြို့ Tartus ရှိ ထောက်ပံ့ရေးအခြေစိုက်စခန်းကို ယခုအခါ အမြဲတမ်းရေတပ် အခြေစိုက်စခန်း တစ်ခုအဖြစ် ပြောင်းလဲထားရှိရန် စီစဉ်နေသည်ဟု ရုရှကာကွယ်ရေးဒုဝန်ကြီး နီကိုလိုင် ပန်ကော့ဗ်က အောက်တိုဘာ ၁၀ ရက်တွင် ပြောသွားသည်။

" ဆီးရီးယားရဲ့ Tartus မှာ အမြဲတမ်းရေတပ်စခန်းတစ်ခု ကျွန်တော်တို့မှာ ရှိလာပါလိမ့်မယ်၊ သက်ဆိုင်ရာ အချက်အလက်တွေလည်း ရေးဆွဲထားပြီးပါပြီ၊ ခုလောလောဆယ်ထိတော့ ဌာနတွင်း ပူးပေါင်းဆောင်ရွက်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်" ဟု ပန်ကော့ဗ်က ရုရှဖက်ဒရေးရှင်းကောင်စီ၏ နိုင်ငံတကာရေးရာ ကော်မတီအစည်းအဝေးတွင် ပြောကြားသွားသည်။

Tartus မြို့က ဆီးရီးယား၏ မြေထဲပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိခြင်းဖြစ်ကာ တောင်ဘက်တွင် လက်ဘနွန် နှင့် မြောက်ပိုင်းတွင် တူရကီတို့၏ အကြားတွင် တည်ရှိခြင်းဖြစ်သည်။

အဆိုပါမြို့တွင်ရှိထားနှင့်ပြီးဖြစ်သော ရုရှ၏ ထောက်ပံ့ရေးအဆောက်အအုံမှာ မြေထဲပင်လယ်ဒေသ စစ်ဆင်ရေးတာဝန်များအတွင်း ရုရှစစ်သင်္ဘောများ   ပြန်လည်ပြုပြင်ခြင်း နှင့်   ထောက်ပံ့ဖြည့်ဆည်းခြင်း လုပ်ငန်းများအတွက်သာ အသုံးပြုနေခဲ့ခြင်းဖြစ်သော်လည်း အမြဲတမ်းအခြေစိုက်စခန်းတစ်ခုအဖြစ် သတ်မှတ်အသုံးပြုထားခဲ့ခြင်းမဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags