ကချင်ပြည်နယ်အတွင်း တပ်မတော်၏ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် ချင်းမိုင်ရောက် ကချင်များ တောင်းဆို

ကချင်ပြည်နယ်အတွင်း တပ်မတော်၏ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် ချင်းမိုင်ရောက် ကချင်များ တောင်းဆို

ချင်းမိုင်၊ အောက်တိုဘာ ၁၀ ။           ။ ကချင်ပြည်နယ်အတွင်း တပ်မတော်၏ ထိုးစစ်ဆင်နေမှု ရပ်တန့်ရန် အပါအဝင် အချက် ၆ ချက်ကို ထိုင်းနိုင်ငံ ရောက် ကချင်လူထုက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင် စစ်ဝန်ရုံး ရှေ့ ၌ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုးစစ်များ ချက်ချင်းရပ်ရန် တောင်းဆိုမှုအပေါ် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အစိုးရက အရေးတ ယူ လက်ခံပေးပြီး တပ်မတော်အား ထိုးစစ်များ ချက်ချင်း ရပ်တန့်ပေးရန် အမိန့်ပေးရန်နှင့် အ ခြားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များအပေါ် ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ရန် အပါအဝင် အချက် ၆ ချက်ကို သဘော ထား ထုတ်ပြန်၍ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

" ဘာကြောင့် ဒီကနေ့ ဒီမှာရောက်ရှိလာသလည်း အနည်းအကျဉ်းပြောချင်တာက မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်မှာ အခုဒီကနေ့တောင်မှ မြန်မာအစိုးရစစ်တပ်က အကြီးအကျယ် ထိုးစစ်ဆင်တာတွေ လုပ်နေ တယ်။ အဲဒါကြောင့် အဲဒီထိုးစစ်တွေ အားလုံး ရပ်ပေးဖို့ ကျနော်တို့ ငြိမ်းချမ်းစွာ ဒီမှာလာပြီး ဆန္ဒဖော်ထုတ်ခြင်း ဖြစ်တယ်”ဟု ဆန္ဒဖော်ထုတ်ရေး ဦးဆောင်ကော်မတီဝင် ဦးနော်ခမ်းက ပြောသည်။

ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ပေးသော စားနပ်ရိက္ခာယာဉ်များအား ပိတ်ပင် ဟန့်တား ခြင်း မပြုလုပ်ပဲ ဖြတ်သန်းခွင့်ပြုရန်၊ စစ်ဘေးဒုက္ခသည်များ ကိုယ့်နေရပ်သို့ လုံခြုံစွာ အမြန်ပြန်နိုင်ရန် အစိုရမှ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် ၎င်းတို့၏ တောင်းဆိုချက်တွင် ပါရှိသည်။

“ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ ကိုယ့်အမျိုးတွေ ဒုက္ခရောက်နေတယ်ဆိုပြီးတော့မှ သတင်းကြားရတဲ့အတွက် ကိုယ့်အမျိုးတွေ ဒုက္ခရောက်နေတာကို ကျမတို့ ဒီမှာရောက်နေတဲ့ ကချင်အမျိုးသားတွေအားလုံး မခံနိုင်စိတ်နဲ့ ဒီမှာ လာပြီးမှ ဆန္ဒလာပြတာ ဖြစ်ပါတယ်" ဟု ကချင်အမျိုးသမီး ဒေါ်ခါးတောမ် ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲသည် လူမျိုးရေးတိုက်ပွဲအဖြစ် ခံစားရပြီး  တပ်မတော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား စစ်ပြေးဒုက္ခ သည်များ အတွက် စားနပ်ရိက္ခာများကို ပေးပို့ခွင့်ပြုရန် တောင်းဆိုလိုကြောင်း ကချင်အမျိုးသားအစည်းအရုံးမှ ဦးခေါင်ဟောင်းက ပြောသည်။

“ ဒုက္ခသည်စခန်းထဲမှာ ကလေး၊ လူငယ်တွေ၊ အဘိုးကြီးအဘွားကြီးတွေ ရိက္ခာပိတ်ထားတာ ၂ လကျော်ပြီ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က လူထုအနေနဲ့ ဆန် အိတ် ၁၀၀ လောက် ပို့ပေးခဲ့ရတယ်။ စခန်း ၂ ခုမှာ ခွဲပေးတာ တယောက်ကို နို့ဆီခွက် ၂ ခွက်ဆီဘဲ ရတယ်။ ၂ လစာအတွက် ဒါကြောင့်မို့ အခုချိန်ထိ စစ်တပ်အနေနဲ့ရော ဒေါ်အောင် ဆန်းစုကြည်ကိုရော ကျနော်တို့တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးအောင်မြင်ပါစေ။ အောင်မြင်ဖို့ ရိက္ခာ တွေ ပိတ်ဆို့ထားတာတွေ မလုပ်ဖို့ ကျနော်တောင်းဆိုလိုပါတယ်”ဟု သူက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို ချင်းမိုင်ရောက် ကချင်လူထု ၃၀ ကျော် ပါဝင်ခဲ့ကြပြီး ကချင်လူထု တောင်းဆိုသော သဘောထားကြေငြာချက်ကို မြန်မာကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူထံ ပေးအပ်ရန်အတွက် လက်ခံပေးရန် တောင်းဆိုခဲ့သော်လည်း ကောင်စစ်ဝန်မှ လက်ခံခြင်း မရှိသဖြင့် စာတိုက်ပုံးတွင်သာ ထည့်သွင်းခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly