မောင်တောဒေသတွင် ဖမ်းဆီးမှုများရှိ

မောင်တောဒေသတွင် ဖမ်းဆီးမှုများရှိ

မောင်တော၊ အောက်တိုဘာ ၁၀ ရက် ။           ။ နယ်ခြားစောင့်ရဲကင်းစခန်းများနှင့် ရဲဌာချူပ် တိုက်ခိုက်ခံခဲ့ရပြီး အရာရှိအပါအဝင် တပ်ဖွဲ့ဝင် (၉) ကို ကျဆုံးစေခဲ့သည့် မောင်တော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွက် ဒေသအာဏာပိုင်များဘက်မှ ကျူးလွန်ခဲ့သူများကို ရှာဖွေဖမ်းဆီးမှုများ ရှိနေသည်။

ယခုအချိန်တွင် မောင်တောမြို့နယ်၊ နယ်မြေ (၆) ပြင်ဖြူကျေးရွာမှ လုယက်ခံခဲ့ရသည့် လက်နက် (၆) လက်ကို ပြန်လည် တွေ့ရှိပြီး ဖြစ်ကာ အလောင်း (၄) လောင်းကို သိမ်းဆည်းရမိကြောင်း မောင်တောမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောသည်။

“အဖမ်းအဆီးတွေ ရှိနေတယ်။ ဘယ်လောက်ဖမ်းဆီးထားသလဲ အတိအကျ မသိနိုင်ပါဘူး။ ကြိုကြား ပစ်ခတ်မှုတွေလည်း ကြားနေရပါတယ်။ လောလောဆယ်မှာတော့ မောင်တောမြို့နယ်က ငြိမ်သက်နေပါတယ်။”

မောင်တောမြို့နယ်နှင့် အနီးအနားမှ ကျေးရွာများတွင် နယ်မြေလုံခြုံရေးများက တစ်အိမ်ဝင်၊ တစ်အိမ်ထွက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးဌာနရှိ စာရင်းများနှင့် စစ်ကြည့်လျက်ရှိကာ ဖမ်းဆီးမှုတချို့လည်း ရှိနေကြောင်း သတင်းရရှိသော်လည်း အရေအတွက် မည်မျှကို ဖမ်းမိထားကြောင်း အတည်မပြုနိုင်သေးပါ။

လက်ရှိအချိန်တွင် မောင်တောခရိုင်တစ်ခုလုံးကို ညနေ ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly