၂၀၁၈ ကမ္ဘာ့ဖလား အပြီးတွင် စပိန်အသင်းမှ ပီကေး အနားယူတော့မည်

၂၀၁၈ ကမ္ဘာ့ဖလား အပြီးတွင် စပိန်အသင်းမှ ပီကေး အနားယူတော့မည်

အောက်တိုဘာ ၁၀၊ စပိန် ။           ။ ဘာစီလိုနာ နောက်ခံကစားသမား ပီကေးက ၂၀၁၈ ကမ္ဘာ့ဖလားအပြီးတွင် စပိန်လက်ရွေးစင်အသင်းမှ အနားယူတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

စပိန်အသင်းက အယ်လ်ဘေးနီးယားအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲအပြီးတွင် ပီကေးက ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

ပီကေးသည် နည်းပြဟောင်းဒဲလ်ဘော့စကေး၏လက်အောက်တွင် စပိန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားနှင့်ယူရိုဖလားတို့ကို ဆွတ်ခူးအောင်မြင်ခဲ့သူဖြစ်သည်။ သို့သော် ပီကေးသည် ၎င်း၏ကက်တလန်ပရိုစားသမားဘဝကို မကြာခဏ ဖွင့်ဟလေ့ရှိသောကြောင့် စပိန်ပရိသတ်များ၏ လှောင်ပြောင်မှုကို မကြာခဏခံရလေ့ရှိသူ ဖြစ်သည်။

‘၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက ကျွန်တော့်ရဲ့စပိန်ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲဖြစ်ပါလိ့မ်မယ်။ လက်ရွေးစင်အသင်းကနေ အနားယူဖို့ အများကြီးစဉ်းစားခဲ့ပါတယ်။ သွေးဆူနေတဲ့အချိန်မှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။

ကျွန်တော် စပိန်အသင်းမှာ မရှိတော့ရင် ပိုကောင်းသွားမယ်လို့ ထင်နေတဲ့သူတွေ အများကြီးရှိပါတယ်’ ဟု ပီကေးက ပြောဆိုခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိပီကေးသည် ၂၀၀၉ ခုနှစ်က လက်ရွေးစင်အဖြစ် စတင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ပွဲပေါင်း ၈၅ ပွဲ ပါဝင်ကစားခဲ့ကာ ၅ ဂိုးသွင်းယူပေးထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly