လူ (၁၉) ဦးထိ သေဆုံးစေခဲ့တဲ့ ဟာရီကိန်း မက်သယူးမုန်တိုင်း အမေရိကန်ကမ်းရိုးတန်းမှ ထွက်ခွာ

လူ (၁၉) ဦးထိ သေဆုံးစေခဲ့တဲ့ ဟာရီကိန်း မက်သယူးမုန်တိုင်း အမေရိကန်ကမ်းရိုးတန်းမှ ထွက်ခွာ
(ဓာတ်ပုံ - အီးပီအေ)

ဟာရီကိန်း မက်သယူးမုန်တိုင်းဟာ ဖလော်ရီဒါ၊ ဂျော်ဂျီယာနှင့် ကာရိုလိုင်းနားတို့ကနေ အဝေးသို့ ရွေးလျားလျက်ရှိနေတယ်လို့ သိရှိရပြီး မုန်တိုင်းကြောင့် လူ (၁၉) ဦး သေဆုံးကာ၊ ကျယ်ပြန့်တဲ့ ရေလွှမ်းမှုများနှင့် လူထောင်ပေါင်းများစွာမှာ လျှပ်စစ်ပျက်တောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

အင်အားပြင်း မုန်တိုင်းကြောင့် မြောက်ကာရိုလိုင်းနားမှာ လူ (၈) ယောက်၊ ဖလော်ရီဒါမှာ (၆) ယောက်၊ ဂျော်ဂျီယာမှာ (၄) ယောက်နှင့် တောင် ကာရိုလိုင်းနားမှာ (၁) ယောက် သေဆုံးခဲ့ပါတယ်။

ယခု အပူပိုင်းမုန်တိုင်း မက်သယူးဟာ တနင်္ဂနွေနေ့က မြောက်ကာရိုလိုင်းနားရဲ့ အပြင်ဘက်မှာ လေတိုင်နှုန်းပြင်အားကြောင့် အိမ်များ ပျက်စီးပြီး ကမ်းခြေတိုက်စားမှုများ ဖြစ်ပေါ်စေပါတယ်။

မုန်တိုင်းကြောင့် သေဆုံးမှုများခဲ့တဲ့ မြောက်ကာရိုလိုင်းနားမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး လူ (၈) ဦး သေဆုံးကြောင်း မြို့တော်ဝန် Pat McCrory မှ အတည်ပြုခဲ့ပါတယ်။

ဂျော်ဂျီယာမှာတော့ စနေနေ့က အဆင့် (၂) ဟာရီကိန်း မက်သယူးမုန်တိုင်း ဒဏ်ကြောင့် လူ (၄) ဦး သေဆုံးခဲ့ပါတယ်။

မက်သယူးမုန်တိုင်း ပထမဆုံး ဝင်ရောက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်ရှိ နေထိုင်သူများက အပျက်အစီးများကို ရှင်းလင်းမှုများ ဆက်လက် ပြုလုပ်နေပြီး လူ (၄၀၀,၀၀၀) ဟာ လျှပ်စစ်ဓာတ်အား ပျက်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

၂၀၀၇ ခုနှစ်က အတ္တလန္တိလ်သမုဒ္ဒရာထဲမှ ဖွဲ့စည်းဖြစ်တည်လာတဲ့ အင်အားအပြင်းဆုံး အဆင့် ၅ ရှိ ဟာရီကိန်း ဖေလဇ်ကြောင့် နီကာရာဂွာမှာ လူပေါင်း (၁၃၀) ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားဟာရီကိန်းစင်တာ (သို့) NHC က ဆိုပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly