မက်သရူးဟာရီကိန်းမုန်တိုင်းကြောင့် ဟေတီတွင် လူ ၉၀၀ နီးပါး သေဆုံးကာ အမေရိကန်၌ ဆယ်ဦးသေဆုံး

မက်သရူးဟာရီကိန်းမုန်တိုင်းကြောင့် ဟေတီတွင် လူ ၉၀၀ နီးပါး သေဆုံးကာ အမေရိကန်၌ ဆယ်ဦးသေဆုံး

နယူးယောက်၊ အောက်တိုဘာ ၉ ။          ။ ဟေတီတွင် ဟာရီကိန်းမုန်တိုင်း မက်သရူးဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူပေါင်း ၉၀၀ နီးပါး သေဆုံးကာ တောင်ပိုင်းဒေသနယ်မြေ ၉၀ ရာခိုင်နှုန်းနီးပါး ပျက်စီးကြောင်း ကူညီကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောသည်။

မက်သရူးမုန်တိုင်းသည် ဟေတီပြီးနောက် အမေရိကန် အရှေ့တောင်းပိုင်း ကမ်းခြေတစ်လျှောက် ဝင်ရောက်တိုက်ခတ်သဖြင့် ယင်းတွင် လူဆယ်ဦးအနည်းဆုံးသေဆုံးသည်။

ဟေတီတွင် အပြင်းထန်ဆုံး မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသအချို့သို့ ကူညီကယ်ဆယ်ရေး မရောက်နိုင်သေး၍ ယင်းဒေသများတွင် သေဆုံးသူဦးရေ ထပ်တိုးတွေ့ရှိနိုင်သည်။

ဟေတီတောင်ပိုင်းတော်တော်များများ လုံးလုံးပျက်စီးမှုနှင့် ကြုံနေရကြောင်း ကူညီကယ်ဆယ်ရေး လုပ်သားများက ဘီဘီစီသို့ပြောသည်။

အမေရိကန်သို့ ဝင်ရောက်တိုက်ခတ်ရာတွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အားအကောင်းဆုံးမုန်တိုင်းအဖြစ် တိုက်ခတ်ခြင်းဖြစ်သည်။

ထောင်ပေါင်းများစွာသောပြည်သူများ နေအိမ်စွန့်ခွာရွှေ့ပြောင်းရပြီး လူတစ်သန်းကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ ချားလီစတန်မြို့တွင်လည်း ဆိုးဝါးသည့် ရေကြီးမှုများ ကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly