အမျိုးသမီးများအပေါ် မဖွယ်မရာ အပြောအဆိုများအတွက် ဒေါ်နယ်ထရန့် ပြန်လည်တောင်းပန်

အမျိုးသမီးများအပေါ် မဖွယ်မရာ အပြောအဆိုများအတွက် ဒေါ်နယ်ထရန့် ပြန်လည်တောင်းပန်

နယူးယောက်၊ အောက်တိုဘာ ၈ ။            ။ ၂၀၀၅ ခုနှစ်အတွင်း ဗီဒီယိုတိတ်တစ်ခု ပြန်လည်ထွက်ရှိရာတွင် အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က အမျိုးသမီးများအပေါ် မဖွယ်မရာ   ပြောဆိုထားမှုများအတွက် ပြန်လည်တောင်းပန်နေရသည်။

“ကျွန်တော်အနေနဲ့ စကားလုံးတောင် ရှာမရတော့ပါ။ ကျွန်တော် ဒီအတွက် ပြန်လည်တောင်းပန်ပါတယ်။”ဟု ဒေါ်နယ်ထရန့်က ပြောသည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် “ခင်ဗျားတို့အနေနဲ့ ထင်ရှားတဲ့သူ   ဖြစ်လာရင် မိန်းမတွေအပေါ် ဘာမဆိုလုပ်လို့ရတယ်။”ဟု ဒေါ်နယ်ထရန့်က ပြောဆိုထားခြင်းဖြစ်သည်။

ထိပ်တန်းရီပတ်ဘရီကန်ပါတီဝင်များက ထိုအပြောအဆိုများအပေါ် ပြစ်တင်ရှုတ်ချသည်။ ထရန့်၏ ရွေးကောက်ပွဲအဓိကပြိုင်ဖက် ဟီလာရီကလင်တန်ကလည်း ကြောက်ဖို့ပင်ကောင်းကြောင်း ပြောဆိုသည်။

“ဒီလိုလူစားကို သမ္မတဖြစ်ခွင့် ပေးလို့မဖြစ်ပါ။”ဟု ဟီလာရီက တွစ်တာတွင် ရေးသားဖော်ပြသည်။

ထရန့်က အောက်တိုဘာ ၈ ရက် နံနက်က ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲမဲဆွယ်ခြင်းနှင့် အတူ တောင်းပန်စကားအား ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ ဒီစကားလုံးတွေ ပြောခဲ့ပေမယ့် ကျွန်တော် ဒီလိုလူစားမဟုတ်ဘူးဆိုတာ ကျွန်တော်နဲ့ သိတဲ့သူတိုင်း သိမှာပါ။ ကျွန်တော် ဒီစကားတွေ ပြောခဲ့မိတာတော့ အမှန်ပါ။ ကျွန်တော် မှားသွားတယ်။ ကျွန်တော် ပြန်တောင်းပန်ပါတယ်။”ဟု ထရန့်က ပြောသည်။

“ကျွန်တော် ကိုယ်ကိုကိုလည်း ပြည့်စုံတဲ့ သူတစ်ယောက်လို့ ဘယ်တော့မှ မပြောပါ။ မဟုတ်တာကိုလည်း ဟန်မဆောင်ခဲ့ပါ။ မနက်ဖြန်တွေမှာ ပိုမိုကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်ရမယ်လို့ပဲ ကျွန်တော် ကတိပေးပါတယ်။”ဟုလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly