NLD အစုုိးရမှ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲကြောင်း ကြေငြာပေးရန် အမေရိကန်ရောက် ကချင်များ တောင်းဆုုိ

NLD အစုုိးရမှ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲကြောင်း ကြေငြာပေးရန် အမေရိကန်ရောက် ကချင်များ တောင်းဆုုိ
ဓါတ်ပုံက ဦးအင်ဆန်ဂွမ်ဆန်

ချင်းမိုင်၊ အောက်တိုဘာ ၈ ။                ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ချက်ချင်းကြေငြာရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို အမေရိကန် ရောက် ကချင်အမျိုးသားများက   အောက်တိုဘာလ ၇ ရက်တွင် တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲစည်းရုံးရေး ခရီးစဉ်တွင် “ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမည်” ဆို  သည့် ကတိထားရှိသည့်အတိုင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ချက်ချင်းကြေငြာရန်အတွက် NLD အစိုးရကို တောင်းဆိုပါကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်ရောက် ကချင်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (Kachin alliance)မှ ဦးဆောင်၍ အမေရိကန်ရောက် ကချင်အမျိုးသားများ ၆၀ ဦးခန့်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ   မြန်မာသံရုံးရှေ့တွင် အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၂ နာရီမှ ၄ နာရီချိန်ထိ နှစ်နာရီကြာ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေမှုကို ရပ်ဆိုင်းဖို့ အဓိက တောင်းဆိုတယ်။ ကျနော်တို့ထပ်ပြီးတောင်းဆိုတာက အ ချက် ၄ ချက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကြေငြာဖို့နဲ့ အဲဒီလိုဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကို လည်း ၄၈ နာရီအတွင်းမှာ ပြန်တုံ့ပြန်ပေးဖို့နဲ့ အဓိက တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့တယ်”ဟု ကချင်တိုင်းရင်းသားများ မ ဟာမိတ်အဖွဲ့မှ ဥက္ကဌ ဦးအင်ဆန်ဂွမ်ဆန်က ပြောသည်။

NLD အစိုးရက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေငြာပေးပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံကိုလည်း ၄၈ နာရီအတွင်း ၎င်းကြေငြာချက်ကို ပြန်လည် တုန့်ပြန်ရန်နှင့် မြန်မာ့တပ်မတော်ကိုလည်း ၂၀၁၃ ခု နှစ်က KIO နှင့် ချုပ်ဆိုထားသော စစ်အရှိန်လျော့ချရေး စာချုပ်ကို လိုက်နာရန် တောင်းဆိုလိုက်သည်။

ထို့ပြင် ကုသလမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တရုတ်-မြန်မာနယ်စပ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့ ကူညီသော အစားအသောက်များနှင့် ဆေးဝါးဆိုင်ရာပစ္စည်းများ ပို့ဆောင်မှုကို တပ်မတော်မှ ပိတ်ပင်တားဆီးထား ကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIA ဌာနချုပ်အနီး တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသဖြင့် အောက်တိုဘာလ ၆ ရက်က  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ဒေသခံ ပြည်သူများက စစ်ပွဲများ ရပ်ဆိုင်းရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly