စစ်ကိုင်းတိုင်းအတွင်း တစ်မြို့နယ်လျှင် ဘက်ဟိုး ယာဉ်တစ်စီး ထောက်ပ့ံရန် စီစဉ်

စစ်ကိုင်းတိုင်းအတွင်း တစ်မြို့နယ်လျှင် ဘက်ဟိုး ယာဉ်တစ်စီး ထောက်ပ့ံရန် စီစဉ်

မုံရွာ၊ အောက်တိုဘာ ၇ ။               ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်မြို့နယ်လျှင် ဘက်ဟိုးယာဉ်တစ်စီး ထောက်ပံ့နိုင်ရန်အတွက် တိုင်းဒေ သကြီး အစိုးရထံသို့ တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

"စိုက်ပျိုးရေး လုပ်ငန်းအဓိကထား လုပ်ကိုင်နေတဲ့ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ တမူးနဲ့ မြေပြန့်လွင်ပြင်တွေမှာ အ သုံးပြုနေပါတယ်။ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည့်အတွက်   ပြင်ဆင်စရိတ်တွေလည်း ကြီးမားလှပါတယ်။ ဒါ့ကြောင့်မို့ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တစ်မြို့နယ်ကို စက်ယန္တရားယာဉ် တစ်စီးနှုန်းထောက်ပံ့နိုင်ဖို့အတွက် တိုင်း ဒေ သကြီး အစိုးရအဖွဲ့ထံကို တင်ပြတောင်းခံသွားပါ့မယ်။" ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

အဆိုပါ ဘက်ဟိုးယာဉ်များကို စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ဆောင်နိုင်ရန်အတွက်ထောက်ပံ့ခြင်း ဖြစ်ပြီး မြစ်ရေတင်တူးဖော်ခြင်း၊ ချောင်းများ တူးဖော်ခြင်းလုပ်ငန်းများတွင်လည်း အသုံးပြုသွားမည် ဖြစ်သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ပိုင် ဘက်ဟိုးယာဉ် (၁၀) စီးရှိပြီး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုလျှက်ရှိကြောင်း သိရသည်။

အစိုးရအဖွဲ့ပိုင် ဘက်ဟိုးယာဉ် (၁၀)စီးအား ရွှေဘိုခရိုင်အတွင်း(၃)စီး၊ မုံရွာခရိုင်အတွင်း(၃)စီး၊ စစ်ကိုင်းခရိုင်း အတွင်း (၁)စီး၊ ကလေးခရိုင်အတွင်း(၂)စီး၊ တမူးခရိုင်အတွင်း(၁)စီး၊ သုံးစွဲနေကြောင်း သိရသည်။

အခြားမြို့နယ်များမှ အသုံးပြုလိုပါက စနစ်တကျ ပြုပြင်သုံးစွဲခြင်း၊ သက်မှတ်ထားသည့် နာရီအလိုက် ငှားရမ်းအ သုံးပြု၍ ရကြောင်း စည်ပင်ဝန်ကြီးက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ပိုင် ဘက်ဟိုးယာဉ် နှစ်စီးရှိပြီး ရွှေဘိုနှင့် မုံရွာ တို့တွင် အသုံးပြု နေ ကြောင်း ၊ အခြားမြို့နယ်များမှ အလှည့်ကျငှား ရမ်းသုံးစွဲခွင့် ပြုထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၈ မြို့နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ တစ်ခုရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly