နမ့်မာလုံချောင်း အသေးစားရေအား လျှပ်စစ် စီမံကိန်း ကောင်းကျိုး ဆိုးကျိုး တွက်ချက်မှု မရှိ၍ ဒေသခံများ ဆန္ဒပြရန်စီစဉ်

နမ့်မာလုံချောင်း အသေးစားရေအား လျှပ်စစ် စီမံကိန်း ကောင်းကျိုး ဆိုးကျိုး တွက်ချက်မှု မရှိ၍ ဒေသခံများ ဆန္ဒပြရန်စီစဉ်

မုံရွာ၊ အောက်တိုဘာ ၇ ။               ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္ပလင်းမြို့နယ်၊ နမ့်မာလုံချောင်း အသေးစားရေးအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ကောင်းကျိုးဆိုးကျိုးများ တွက်ချက်မှု မရှိ၍   ဒေသခံများမှ ဆန္ဒပြရန်စီစဉ်နေကြောင်း ဟုမ္ပ လင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ကျေးရွာများအား အသိပေး ရှင်းလင်းမှု မရှိ ခြင်း၊ ဒေသအတွက် ကောင်းကျိုး ဆိုးကျိုးတွက်ချက်မှုမရှိခြင်း တို့ကြောင့် ယင်းသို့ ဆန္ဒပြရန် စီစဉ်နေခြင်း ဖြစ် ကြောင်း သိရသည်။

"ရေအားလျှပ်စစ်ကြောင့် အကောင်းအဆိုး တွက်ချက်မှု(EIA, SIA) မရှိဘူးဆိုပြီးတော့ ကျေးရွာ ၆ ရွာက ဒေသခံတွေ ဆန္ဒပြဖို့စီစဉ် နေကြတယ် လို့ ကွင်းဆင်းလေ့လာချိန်မှာ ပြောခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

 မိုးလင်း၊ သဖန်းကုန်း၊ မာလုံ၊မှော်စိန်၊တုံခံ၊ ဟဲခမ်း ကျေးရွာများမှ ဆန္ဒပြရန်စီစဉ်နေသည်ဟု ၎င်းက ဆက် လက်ပြောကြားသည်။ ထို့ပြင် သြဂုတ်လအတွင်းက ရေအားလျှပ်စစ်နှင့် အနီးဆုံးကျေးရွာဖြစ်   သော မာလုံကျေးရွာသို့ ကွင်းဆင်း လေ့ လာခဲ့ရာ ဒေသခံများကို အကျိုးပြုမည်မဟုတ်၍ ဖျက်သိမ်းသင့်သည်ဟု ဒေသခံများက ပြောခဲ့ကြောင်း သိရ သည်။

ရေအား လျှပ်စစ်စီမံကိန်းသည် ဟုမ္ပလင်းမြို့နယ်နှင့် ၂၀ မိုင်ခန့်ဝေးပြီး အနီးဆုံး ကျေးရွာများဖြစ်သော နောင် ပိုအောင်၊ မာလုံကျေးရွာများနှင့် ၁၀ မိုင်ခန့်ဝေးကြောင်း၊ ရေအားလျှပ်စစ်မှ ၆၀၀ ကီလိုဝပ်သာ ထုတ်လွှတ် ပေး နိုင်သဖြင့် အကျိုးဖြစ်ထွန်းမှု နည်းပါးပြီး စားကျတ်မြေများလည်းရှားပါးမှုဖြစ်လာနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly