သဖန်းဆိပ် ဆည်ဆောက်ခဲ့ခြင်းကြောင့် ပြောင်းရွှေ့ခဲ့ရသော ကျွန်းလှမြို့နယ် ဒေသခံများ လူမှုဘဝ နိမ့်ကျနေဟုဆို

သဖန်းဆိပ် ဆည်ဆောက်ခဲ့ခြင်းကြောင့် ပြောင်းရွှေ့ခဲ့ရသော ကျွန်းလှမြို့နယ် ဒေသခံများ လူမှုဘဝ နိမ့်ကျနေဟုဆို

မုံရွာ၊ အောက်တိုဘာ ၆။               ။ အရှေ့တောင်အာရှတွင် အကြီးမားဆုံးဖြစ်သော သဖန်းဆိပ်ဆည် ဆောက်လုပ်ခဲ့ခြင်းကြောင့် ကျွန်းလှမြို့နယ်မှာ မြို့လုံး ကျွတ်ပြောင်းရွှေ့ခဲ့ရပြီး လူမှုဘဝများ နိမ့်ကျနေကြောင်း တိုင်းဒေသကြီး ကိုယ်စားလှယ်များက ပြောသည်။

သဖန်းဆိပ်ဆည်အား ၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကျွန်းလှမြို့နယ်မှ ကျေးရွာပေါင်း ၆၀ ကျော် ပြောင်း ရွှေ့ခဲ့ရကြောင်း သိရသည်။

 " သဖန်းဆိပ်ရေ လှောင်တမံရဲ့ အောက်ဘက်မှာရှိတဲ့ မြို့နယ်တွေမှာ ဆည်ရေသောက်ရလို့ သီးနှံဖြစ်ထွန်းခဲ့ပြီး လူနေမှု အဆင့်အတန်းမြင့်လာခဲ့ပါတယ်။ ဆည်ဆောက်လုပ်ရန်အတွက်   ပြောင်းရွှေ့   ပေးခဲ့ရတဲ့ ကျွန်းလှမြို့နယ်ကတော့ နိမ့်ကျ တဲ့ လူနေမှု ဘဝထဲကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရရဲ့ ကူညီပံ့ပိုးမှု အားနည်း ခဲ့ပါ တယ်" ဟု ကျွန်းလှမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးလှဖြိုးက ပြောသည်။

ကျွန်းလှမြို့နယ်မှရရှိသော ဘဏ္ဍာအခွန်များသည် အသစ်တည်ဆောက်ထားသော ကျွန်းလှမြို့နယ်အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာလျှက်ရှိကြောင်း မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦးကျော်လင်း က ပြောသည်။

"ကျွန်းလှမြို့နယ်မှာ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကျေးရွာချင်းဆက် လမ်းတွေ၊ တံတား၊ လျှပ်စစ်မီးလင်းရေး၊ ကျန်းမာ ရေး၊ ပညာရေး တွေနိမ့်ကျနေပါတယ်။ မြို့ပြောင်းရွှေ့ခဲ့တဲ့ အချိန်ကဆို   ကျောင်းတက် ခွင့်မရခဲ့တဲ့ ကလေးတွေကို ရှိခဲ့ဖူး ပါတယ်။ တိုင်းအစိုးရက ကူညီပံ့ပိုးပေးမှသာ စိတ်ဒဏ်ရာသက်သာကြမယ်ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ သဖန်းဆိပ်ရေလှောင်တမံသည် အမြင့် ၁၈၀ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေပြည့် ရေလှောင်နိုင်သော ပမာဏ ၂၈၈၀၀၀၀ ဧကပေ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏ ၃၀ မဂ္ဂါဝပ်   ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly