ဘရာဇီး တိုက်စစ်မှူးနေမာ ကစားသမားဘဝ ဂိုး ၃၀၀ ပြည့်

ဘရာဇီး တိုက်စစ်မှူးနေမာ ကစားသမားဘဝ ဂိုး ၃၀၀ ပြည့်

အောက်တိုဘာ ၇၊ ဘရာဇီး။                     ။ ကြာသပတေးနေ့တွင် ဘရာဇီးအသင်းက ဘိုလီးဗီးယားကို အနိုင်ရသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ အဖွင့်ဂိုးသွင်းယူခဲ့သည့် နေမာ သည် ကစားသမားဘဝ ဂိုး ၃၀၀ ပြည့်သွားပြီဖြစ်သည်။

ဘာစီလိုနာကြယ်ပွင့် နေမာသည် ဂါဘရီရယ် ဂျီးဆပ်နှင့်တွဲကာ တန်ပြန်တိုက်စစ်မှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းဂိုးမှာ အသက် ၂၄ နှစ်အရွယ်ကစားသမားအတွက် လက်ရွေးစင်အသင်းကြီးအဆင့် ၄၉ ဂိုးမြောက် ဂိုးဖြစ်ပြီး ယူ-၁၇၊ ယူ-၂၀ နှင့် အိုလံပစ် အပါအဝင် သက်တမ်းအလိုက် အသင်းများတွင် ၁၈ ဂိုးရထားသည်။

ကလပ်အသင်း အဆင့်တွင်မူ အသင်းဟောင်း ဆန်းတို့စ်အတွက် ၁၃၈ ဂိုးသွင်းခဲ့ပြီး လက်ရှိကလပ် ဘာစီလိုနာအတွက် ၉၅ ဂိုး သွင်းယူပေးထားသည်။

ဘရာဇီးလက်ရွေးစင်အသင်းတွင် ဂိုးအများဆုံးသွင်းထားသူများမှာ ပီလီ (၉၅ ဂိုး)၊ ရော်နယ်ဒို (၆၇ ဂိုး)၊ ဇစ်ကို (၆၆ ဂိုး)၊ ရိုမာရီယို (၅၆ ဂိုး)တို့ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly