ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာဆုံရှုံးသွားသူများ၏ နစ်နာမှုများအား ကူညီပေးရန် တောင်းဆို

ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာဆုံရှုံးသွားသူများ၏ နစ်နာမှုများအား ကူညီပေးရန် တောင်းဆို

မုံရွာ၊ အောက်တိုဘာ ၆ ။                ။ ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့ရသော တောင်သူလယ်သမားများအတွက် နစ်နာမှုများကို သားစဉ်မြေးဆက် ကူညီထောက်ပံ့ရန်အတွက် ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးသိန်းနိုင်က လွှတ်တော်တွင်အဆိုတင်သွင်း ခဲ့သည်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆)၏ တတိယနေ့တွင် အဆို တင်သွင်း မေးမြန်းခဲ့ခြင်းဖြစ်ပြီး စီမံကိန်း၏ အကျိုးအမြတ်အလိုက် နှစ်စဉ်ထောက်ပံ့ခံစားမှု များအား တိုင်းဒေ သကြီး အစိုးရမှ ကူညီပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 "စီမံကိန်းနှင့် နီးစပ်ရာ ကျေးရွာများတွင် ကူညီပံ့ပို့မှုများရှိခဲ့သော်လည်း မြေယာဆုံးရှုံးခဲ့ ရသော တောင်သူများ ၏ သားစဉ်မြေးဆက် နစ်နာမှုတွေကို ထိုက်ထိုက်တန်တန် ကူညီပံ့ပို့ဖို့ လိုအပ်ပါတယ်။ " ဟု ဆားလင်းကြီးမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောသည်။

 ကြေးစင်တောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၁၉၇၆ ခုနှစ်က လယ်ယာမြေ ဧက ၆၀၀၀ ကျော်ကို စတင်သိမ်းယူခဲ့ပြီး ဥပဒေနှင့် မညီသည့် မတရားသိမ်းဆည်းမှုမျိုး ဖြစ်ခဲ့ကြောင်း ၎င်းက ပြော သည်။

ဒေသခံမြေသိမ်းခံ တောင်သူများ၏ နစ်နာမှု မရှိစေရေးနှင့် မူလပိုင်ရှင်များသို့ စနစ်တကျ ထောက်ပံ့မှု ရရှိစေ ရေးတို့အတွက် ဇူလှိုင် ၇ ရက်က ကော်မတီတစ်ရပ်ဖွဲ့စည်း ဆောင်ရွက်နေကြောင်း၊ တိကျသော ဧရိယာ၊ မြေ အ မျိုးအစား၊ ဦးပိုင်ပေါက်တောင်သူ၊ စသည့်တို့အား ဒေသခံများနှင့်ညှိနှိုင်းပူးပေါင်း စာရင်းကောက်ယူ လျှက်ရှိ ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသခံ တောင်သူများ၏ ခံစားခွင့်ရရှိရေးအတွက် တိုင်းအစိုးရ အနေ ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြန်လည် ဖြေ  ကြား ခဲ့သည်။

စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် မြေဧက(၆၀၃၅ ဒသမ ၅၅)ဧကအား သိမ်းယူခဲ့ပြီး ၁၉၉၁-၉၂ ဘ ဏ္ဍာရေးနှစ်တွင် အမှတ် (၁) သတ္ထုတွင်းလုပ်ငန်းမှ တာဝန်ယူ၍ စိုက်ပျိုမြေ(၂၉၉၄ ဒသမ ၀၂) ဧကအတွက် သီး နှံအမျိုးအစား အလိုက်တွက်ချက်ကာ မြေယာလျော်ကြေးငွေပေါင်း (၂၉၃၁၁၀၄ ဒသမ ၀၅၈) ကျပ်အား မူလပိုင် ရှင်များသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly