ဘန်ကောက်လေဆိပ်မှာ (၁၂) နာရီ ထိန်းသိမ်းခံခဲ့ရကြောင်း ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ပြော

ဘန်ကောက်လေဆိပ်မှာ (၁၂) နာရီ ထိန်းသိမ်းခံခဲ့ရကြောင်း ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ပြော
(ဓာတ်ပုံ - အီးပီအေ)

ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံမှ ပြည်လည် ပို့ဆောင်ခံရတဲ့ ၂၀၁၄ ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဂျိုဆွာဝေါင်က တရားဝင်ရှင်းလင်းချက်များမရှိဘဲ လေဆိပ်မှာ (၁၂) နာရီကြာ ထိန်းသိမ်းခံခဲ့ရကြောင်း သူ့ရဲ့ အပြန်ခရီးအပေါ် ထုတ်ဖော်ပြောဆိုပါတယ်။

ဂျိုဆွာဝေါင်ဟာ ဟောင်ကောင်သို့ ဗုဒ္ဓဟူးနေ့က ဒေသစံတော်ချိန် ညနေ ၃နာရီခွဲအချိန်မှာ ဘန်ကောက်ကနေ ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဂျိုဆွာဝေါင်ဟာ အင်္ဂါနေ့နံနက်ပိုင်းက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာစဉ်မှာပင်  ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများက ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းမှာ ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက် Thammasat တက္ကသိုလ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် အနှစ် ၄၀ ပြည့်မြောက်တဲ့ အခမ်းအနားမှာ ဟောပြောပေးဖို့ ဖိတ်ကြားခံထား ရသူဖြစ်ပါတယ်။

Demosisto နိုင်ငံရေး ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူက ဂျိုဆွာဝေါင်ဟာ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိချိန်မှာ ရဲတပ်ဖွဲ့ ၂၀ ခန့်နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများက သူ့ကို စောင့်နေတယ်လို့ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်ရှိ ဗီဒီယိုင်ဖိုင်တစ်ခုမှာ ပြောပါတယ်။

ဝေါင်က သူကို ဘယ်ကြောင့် ထိန်းသိမ်းခံခဲ့ရလဲ မေးမြန်းရာမှာ ဖြေရှင်းချက် မလိုအပ်ဘူးလို့ သူက ပြောပါတယ်။ အဲဒီနောက်မှာ ထိုင်းငံနိုင်ငံရှိ ရှေ့နေတစ်ယောက် ဒါမှမဟုတ် သူ့မိသားစုကို ဆက်သွယ်ဖို့ တောင်းဆိုခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ ဝေါင်က ပြောပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly