ဇူလိုင် ၁၅၊ သြစတြေးလျ။ ။ ရာသီကြိုခြေစမ်းပွဲများ ကစားရန် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် ရီးယဲလ်အသင်းသည် ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ်များကို စတင်ပြုလုပ်ခဲ့သည်။
ရီးယဲလ်အသင်း၏ အဓိက ကစားသမားများဖြစ်သော စီရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီမာ၊ မာဆယ်လို၊ ရာမို့စ်၊ မိုဒရစ်တို့အားလုံး လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ခဲ့ပြီး လူငယ်ကစားသမား အိုဒီဂတ်၊ ကစားသမားသစ် ဒန်နီလိုတို့လည်း ပါဝင်ခဲ့ကြသည်။
ရီးယဲလ်အသင်းသည် International champions cup ပြိုင်ပွဲအဖြစ် လာမည့် စနေနေ့တွင် ရိုးမားအသင်းနှင့် ပထမဆုံးစတင်ကစားမည် ဖြစ်သည်။ ထို့နောက် ခြောက်ရက်အကြာတွင် မန်စီးတီးအသင်းနှင့် ကစားမည် ဖြစ်သည်။
သြစတြေးလျတွင် ပြိုင်ပွဲပြီးဆုံးသွားပါက တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အင်တာမီလန်၊ အေစီမီလန်အသင်းတို့နှင့် International champions cup ပြိုင်ပွဲ ထပ်မံကစားမည် ဖြစ်သည်။
ရီးယဲလ်အသင်းနည်းပြ ရာဖေးလ်ဘင်နီတက်ဇ်သည် အသင်းသားများကို ကွင်းအတွင်းလေ့ကျင့်ခန်းများနှင့် (gym) ကာယလေ့ကျင့်ခန်းများ ပြုလုပ်စေခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်