မန်ယူတွင် ပထမကစားသမား နေရာရရန် တိုက်ပွဲဝင်သွားမည်ဟု ဒီပေး ပြောကြား

မန်ယူတွင် ပထမကစားသမား နေရာရရန် တိုက်ပွဲဝင်သွားမည်ဟု ဒီပေး ပြောကြား

အောက်တိုဘာ ၅၊ အင်္ဂလန် ။            ။ နည်းပြမော်ရင်ဟို၏ လက်အောက်တွင် နေရာမရဖြစ်နေသော်လည်း ဟော်လန်လက်ရွေးစင် ကစားသမား ဒီပေးက မန်ယူတွင် ပျော်ရွှင်နေကြောင်းနှင့် မန်ယူတွင် ပထမကစားသမား နေရာရရှိရန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဒီပေးသည် ပြီးခဲ့သည့်နှစ်က ပီအက်စ်ဗွီမှ မန်ယူသို့ ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ မန်ယူတွင် ကစားခဲ့သည်မှာ တစ်နှစ်ကျော်သွားပြီ ဖြစ်သော်လည်း ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ပွဲတွင် ၂ ဂိုးသာသွင်းနိုင်ခဲ့ပြီး ဖန်တီးမှု တစ်ကြိမ်မှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

ယခုရာသီသစ်တွင်လည်း ၁၂ မိနစ်သာ ပွဲထွက်ကစားရသေးသော်လည်း ဒီပေးမှာ လက်လျှော့ခြင်းမရှိသေးဘဲ နေရာရရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

‘မော်ရင်ဟိုက ကျွန်တော့်အပေါ်ယုံကြည်မှုရှိပါတယ်။ ဒါကို သူပြောပါတယ်။ လက်ရှိမှာ ကျွန်တော်ဟာ ဂျန်းဖြစ်နေတဲ့ သေနတ်လို ခံစားရပါတယ်။ ပထမအသင်းမှာ အခွင့်အရေးရရှိဖို့ စောင့်နေပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ကစားဖို့ အိပ်မက်ခဲ့တဲ့ အသင်းမှာ ရောက်ရှိနေတာပါ။ ဒါကြောင့် ပထမကစားသမား နေရာရရှိဖို့ တိုက်ပွဲဝင်သွားမှာပါ’ ဟု ဒီပေးက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly