အားပြင်း ဟာရီကိန်း မက်သရူးမုန်တိုင်း ဟေတီတွင် တိုက်ခတ်

အားပြင်း ဟာရီကိန်း မက်သရူးမုန်တိုင်း ဟေတီတွင် တိုက်ခတ်

ပို့အောပရင့်စ်၊ အောက်တိုဘာ ၅ ။              ။ တစ်နာရီ ၁၄၅ မိုင် လေတိုက်နှုန်းဖြင့် အင်အားပြင် မက်သရူး ဟာရီကိန်းမုန်တိုင်းကို ဟေတီနိုင်ငံက ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အားအပြင်းဆုံးအဖြစ် ကြုံတွေ့နေပြီး မိုးသည်းထန်မှုနှင့် ရေကြီးမှုများ ရင်ဆိုင်နေရသည်။

အဆင့်လေးအဆင့်ရှိ မက်သရူးမုန်တိုင်းက ဟေတီအနောက်ပိုင်းတွင် တိုက်ခတ်ကာ ကျုးဘားအရှေ့ပိုင်းသို့ နီးကပ်လာနေပြီဖြစ်သည်။

ဟေတီ မြို့တော် ပို့အောပရင့်စ်သို့ ဆက်သွယ်သည့် တံတား ကျိုးပြတ်၍ တောင်ပိုင်းဟေတီနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်။  တောင်ပိုင်းကမ်းခြေမြို့ လိစ်ကာယက်စ်မြို့၏ လက်ထောက်မြို့တော်ဝန် အမျိုးသမီးဖြစ်သူ မာရီးဒီလာမီက အခြေအနေ ဆိုးဆိုးဝါးဝါးဖြစ်နေကြောင်း ပြောသည်။

ယင်းမြို့ရှိ လူ ခုနစ်သောင်းနီးပါးက ရေကြီးမှုဘေးကြုံတွေ့နေပြီး အိမ်များစွာ အမိုးများ လန်သွားကြောင်း ဒီလာမီက ဆိုသည်။ ပို့စလို့မြို့တွင် လှိုင်းများတက်လာချိန် နေအိမ်မှ မစွန့်ခွာနိုင်သူ နာမကျန်းဖြစ်နေသူတစ်ဦး သေဆုံးကြောင်း သိရသည်။

ဟေတီသမ္မတ ဂျိုစီလာမီက သတိပေးချက်များကို လိုက်နာခြင်းမရှိ၍ ပင်လယ်တွင် လူတစ်ချို့ သေဆုံးကြောင်း ပြောသော်လည်း အသေးစိတ် ပြောကြားခြင်းမရှိပေ။

အနီးရှိ ဒိုမီနီကန်သမ္မတနိုင်ငံတွင် မြေပြိုမှုဖြစ်၍ လူလေးဦးသေဆုံးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly