ပိုမိုတိုးတက် ကောင်းမွန်သည့် ကစားသမား ဖြစ်လာစေရန် နည်းပြဝင်းဂါးမှ ကူညီပေးခဲ့သည်ဟု ကိုစီရယ်နီ ပြော

ပိုမိုတိုးတက် ကောင်းမွန်သည့် ကစားသမား ဖြစ်လာစေရန် နည်းပြဝင်းဂါးမှ ကူညီပေးခဲ့သည်ဟု ကိုစီရယ်နီ ပြော

အောက်တိုဘာ ၅၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်း၏ အဓိက နောက်ခံကစားသမား ကိုစီရယ်နီက နည်းပြအာစင်ဝင်းဂါးသည် ၎င်းအား ပိုမိုပြည့်စုံကောင်းမွန်သည့် ကစားသမား တစ်ဦးဖြစ်လာစေရန် ကူညီပေးခဲ့သူဟု ကျေးဇူးတင်စကား ပြောဆိုခဲ့သည်။

လွန်ခဲ့သည့်ခြောက်နှစ်က ၎င်းကို လိုရီယန့်အသင်းမှ စွန့်စားခေါ်ယူခဲ့သည့်အတွက်လည်း အာစင်ဝင်းဂါးကို ကိုစီရယ်နီက ကျေးဇူးတင်လျက်ရှိသည်။ ထိုအချိန်က ကိုစီရယ်နီသည်   ပြင်သစ်ဒုတိယတန်း ကလပ်  လိုရီယန့်တွင် ကစားနေခြင်းဖြစ်သည်။ အာဆင်နယ်သို့ရောက်ရှိပြီးနောက်တွင် ကိုစီရယ်နီမှာ တိုးတက်လာခဲ့ပြီး   ပြင်သစ်အသင်း၏ အဓိကနောက်ခံ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီ ဖြစ်သည်။

‘အာစင်ဝင်းဂါးက ကျွန်တော့်ကို ထိပ်တန်းအသင်းကြီးမှာ ကစားခွင့်ရအောင် အခွင့်အရေးပေးခဲ့သူပါ။ လိုရီယန့်လိုအသင်းငယ်လေးကနေ ကျွန်တော့်ကို စွန့်စားပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ကစားသမားတစ်ဦးအနေနဲ့ရော လူတစ်ယောက်အနေနဲ့ပါ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ပေးခဲ့ပါတယ်။

သူက ကျွန်တော့်ကို ယုံကြည်သလို အဲ့ဒီယုံကြည်မှုနဲ့အညီ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ သူ့ကို ကျွန်တော် ပြန်ပေးဆပ်လိုပါတယ်။ ဒီလိုအဖြစ်အပျက်က ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ အာဆင်နယ်မှာ ဒါမျိုးသူအများကြီး လုပ်ပြခဲ့ပြီးပါပြီ’ ဟု ကိုစီရယ်နီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly