အိုင်အက်စ်ခေါင်းဆောင် အစာအဆိပ်ခတ်ခံရဟု သတင်းများ ထွက်ပေါ်

အိုင်အက်စ်ခေါင်းဆောင် အစာအဆိပ်ခတ်ခံရဟု သတင်းများ ထွက်ပေါ်

အောက်တိုဘာ ၄ ။                 ။ အစ္စလမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ -အိုင်အက်စ် အကြီးအကဲနှင့် ၎င်း၏ လက်ထောက် သုံးဦးတို့  အဆိပ်ခတ်ထားသည့် နေ့လည်စာ စားသောက်မိပြီး ယခုအခါ အပြင်းအထန် ဖျားနာခဲ့ကြောင်း မီဒီယာသတင်းများက အောက်တိုဘာ ၃ ရက်တွင် ဖော်ပြသည်။ ယခုအခါ ၎င်းတို့ကို တည်နေရာ မသိရသည့် နေရာတစ်ခုသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

အိုင်အက်စ် ခေါင်းဆောင် အဘူဘာအယ်လ်ဘဂ်ဒက်ဒီ နှင့် အခြား ထိပ်တန်းခေါင်းဆောင်သုံးဦးတို့ စားသောက်မည့် အစားအသောက်များထဲတွင် အဆိပ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု အတွင်းသတင်း ရင်းမြစ် တစ်ခုကို ကိုးကား၍ PTI သတင်းက ဖော်ပြသည်။

၎င်းတို့ လေးဦးစလုံးမှာ အဆိုပါ အစားအသောက်များကို စားသုံးမိပြီးနောက် ယခုအခါ ပြင်းစွာ အဆိပ်မိဝေဒနာ ခံစားခဲ့ရကြောင်းနှင့် လုံခြုံရေး တင်းကျပ်မှုအောက်တွင်   နေရာတစ်ခုသို့   ပြောင်းရွှေ့ထားကြောင်း  သိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် အစာထဲ အဆိပ်ခတ်သူကို ရှာဖွေစုံစမ်းနိုင်ရန် စစ်သွေးကြွများသည် လူအများအပြားကို ဖမ်းဆီးမှုများ လုပ်ဆောင်ထားကြောင်းလည်း သိရသည်။

အိုင်အက်စ် ခေါင်းဆောင် ဘဂ်ဒက်ဒီမှာ အကြိမ်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိထားသူဖြစ်ပြီး ၎င်း၏ဦးခေါင်းကို ရယူနိုင်သူကို ဆုငွေ ဒေါ်လာ ၁၀ သန်း ပေးမည်ဟု ဆုငွေထုတ်ထားခံရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly