တရုတ်တွင် အိမ်ရာမြေ စျေးကစားခြင်းများကြောင့် အိမ်ခြံမြေ လုပ်ငန်းရှင်များနှင့် ကြားပွဲစားများအား နှိမ်နှင်း

တရုတ်တွင် အိမ်ရာမြေ စျေးကစားခြင်းများကြောင့် အိမ်ခြံမြေ လုပ်ငန်းရှင်များနှင့် ကြားပွဲစားများအား နှိမ်နှင်း

ပေကျင်း၊ အောက်တိုဘာ ၄ ။                   ။ တရုတ်နိုင်ငံတွင် အိမ်ခြံမြေကဏ္ဍ၌ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို ချိုးဖောက်ကာ အိမ်ခြံမြေ ဈေးကစားနေခြင်းများအား နှိမ်နှင်းလျက်ရှိရာ အိမ်ဝယ်ရောင်းများနှင့် ပွဲစားများအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း တရုတ်အိမ်ရာမြေနှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

ကြော်ငြာတုများဖြင့် ဈေးခေါ်ခြင်း၊ ကောလဟလများ ဖြန့်ခြင်းနှင့် ကြိုရောင်းကြိုဝယ် စည်းမျဉ်းများ ချိုးဖောက်ခြင်းတို့ဖြင့် အိမ်ရာမြေ ဈေးကစားနေကြသည့် နိုင်ငံအနှံ့မှ အိမ်ခြံမြေဝယ်ရောင်းနှင့် ပွဲစား ၄၅ ဦးကို စုံစမ်းစစ်ဆေးကာ အပြစ်ပေး အရေးယူထားကြောင်းလည်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့ ပထမတန်မြို့များ၊ အနီးနားရှိ ဒုတိယတန်းမြို့များတွင် အိမ်ဈေးက ပြီးခဲ့သည့် လအနည်းငယ်အတွင်း ထိုးတက်သွားခြင်းကြောင့် အိမ်ရာမြေဈေးကွက်အတွက် စိုးရိမ်မှုများ ရှိနေသည်။

ပေကျင်းနှင့် တျန်အန်ကျန်တို့ အပါအဝင် အစိုးရဌာန ရှစ်ရပ်က ပြီးခဲ့သည့် သုံးရက်အတွင်း တင်းကျပ်သည့် စည်းမျဉ်း သတ်မှတ်မှုနှင့် ငွေပေးချေမှုများဖြင့် အိမ်အရောင်းအဝယ်တွင် တင်းကျပ်သည့် မူဝါဒများ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags