WTP အမျိုးသမီးတင်းနစ် အဆင့်သတ်မှတ်ချက်များတွင် မူဂူရူဇာရဲ့ တတိယနေရာကို ရစ်ဝမ်စ်ကာ လွှဲယူ

WTP အမျိုးသမီးတင်းနစ် အဆင့်သတ်မှတ်ချက်များတွင် မူဂူရူဇာရဲ့ တတိယနေရာကို ရစ်ဝမ်စ်ကာ လွှဲယူ
ဂျာမနီ တင်းနစ်မယ် အန်ဂျလီကေး ခါဘာ။ (ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA) အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ရာမှာ ပိုလန်တင်းနစ်မယ် ရစ်ဝမ်စ်ကာက စပိန်တင်းနစ်မယ် မူဂူရူဇာရဲ့ တတိယနေရာကို ရယူခဲ့ပြီး ထိပ်ဆုံး (၁၀) နေရာဟာလည်း အပြောင်းအလဲများခဲ့တာကို တွေ့ရပါတယ်။

အဆင့် (၁) နေရာကိုတော့ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာကပဲ ဆက်လက် ဦးဆောင်နေပြီး ဆရီနာဝီလျံကတော့ အဆင့် (၂) နေရာမှာ ရှိနေပါတယ်။

ဒီတစ်ပတ်မှာတော့ ရုရှားတင်းနစ်မယ် ကက်ခ်နက်ဇီဗာက အဆင့် (၁၀) ကနေ အဆင့် (၇) နေရာအထိ ခုန်တက်ခဲ့သလို ဆလိုဗက်ကီးယား တင်းနစ်မယ် ဒိုမီနီကာ ဆက်ဘလူးကိုဗာက ထိပ်ဆုံး (၁၀) ဦးစာရင်းအတွင်း အဆင့် (၈) နေရာကို ဝင်ရောက်ခဲ့ပါတယ်။ ကာလာ ဆွာရက်ဇ်ကတော့  အဆင့် (၁၀) နေရာထိ ထိုးကျသွားပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၈,၄၈၅
၂) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၇,၀၅၀
၃) ရစ်ဝမ်စ်ကာ (ပိုလန်) ရမှတ် ၅,၅၃၅
၄) မူဂူရူဇာ (စပိန်) ရမှတ် ၅,၂၄၆
၅) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ရမှတ် ၄၉၈၇
၆) ပလစ်ဆကိုဗာ (ချက်) ရမှတ် ၄,၃၄၀
၇) ကက်ခ်နက်ဇီဗာ (ရုရှား) ရမှတ် ၃,၅၄၀
၈) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၃,၅၀၀
၉) မာဒီဆန် ကီးစ် (အမေရိကန်) ရမှတ် ၃,၄၁၇
၁၀) ကာလာ ဆွာရက်ဇ် (စပိန်) ရမှတ် ၃,၃၃၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly