အင်းဝ အပ်ချုပ်ဆိုင်ကိစ္စနှင့် ပတ်သက်၍ ခရိုင်ရဲမှူး၊ မြို့နယ်မှူးနှင့် နယ်ထိန်းတို့အား ထိရောက်စွာ အရေး ယူမည်

အင်းဝ အပ်ချုပ်ဆိုင်ကိစ္စနှင့် ပတ်သက်၍ ခရိုင်ရဲမှူး၊ မြို့နယ်မှူးနှင့် နယ်ထိန်းတို့အား ထိရောက်စွာ အရေး ယူမည်

ရန်ကုန်၊အောက်တိုဘာ ၃ ။              ။ ကျောက်တံမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအမျိုးသမီးငယ်နှစ်ဦး ညှင်းပန်းနှိပ်စက်ခံခဲ့ရမှုတွင် အ ရေးယူဆောင်ရွက်မှု မပြုလုပ်ခဲ့သည့် ခရိုင်ရဲမှူး၊ မြို့နယ်မှူးနှင့် နယ်ထိန်း တို့အား ထိရောက်စွာ အရေးယူရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

အောက်တိုဘာလ ၃ရက်နေ့ က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းဝေး ဒုတိယနေ့တွင် ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒီဖြစ်နဲ့ ပတ်သက်ပြီ ပြန်စိစစ်ခိုင်းလို့ စိစစ်လိုက်တဲ့အခါမှာ ဒါသည် ဥပဒေအရ ပြစ်မှုကျူးလွန်နေပြီဆိုရင် အရေးယူရမယ့်အပိုင်းပါ။ အဲဒီလိုအရေးမယူတဲ့အတွက်လည်းခရိုင်ရဲမှူးကော၊ မြို့နယ်မှူးကော နယ်ထိန်းကော အားလုံးကို ကျွန်တော်တို့ စုံခုံ ဆက်ချုပ် ရေးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲစည်းကမ်းအရ ထိထိရောက် ရောက် အရေးယူသွားမည် ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ထို့ပြင် အိမ်ဖော် အိမ်ရှင် ပြဿနာများသည် အိမ်းတွင်းရေး ပြဿနာများ ဖြစ်သည့်အတွက် ထပ်မံ ဖြစ်ပွားလာ နိုင်သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အလားတူ ဖြစ်စဉ်များမဖြစ်ပေါ်လာစေရန် ကာကွယ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၃ရက်နေ့ တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းဝေးတွင် ကျောက်တံတားမြို့နယ် မဲဆ န္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏   မေးမြန်းချက်နှင့် ပတ်သက် ၍ ယခုကဲ့သို့ ပြန်လည်း ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က အင်းဝအပ်ချုပ်ဆိုင်၏ လူ့အခွင့်ရေးချိုးဖောက် ညှင်းပန်းနှိပ်စက်မှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် မည်သို့ ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးနေသည်ကို သိရှိလိုကြောင်းနှင့် လူ့အခွင့်ရေး ချိုး ဖောက်မှုများ ထပ်မံမပေါ်ပေါက်စေရန် မည်သို့ ကာကွယ်လုပ်ဆောင်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ ခြင်း ဖြစ်သည်။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်ေးဒသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းအောင်က လည်း အိမ်အကူမိန်းကလေး ၂ဦးအား လူ့အခွင့်ရေးချိုးဖောက်ခဲ့မှုအပေါ်မည်သို့ တာဝန်မည်သို့ တာဝန်ယူ ဖြေရှင်း နေသည်ကို သိရှိလိုကြောင်း မေးခွန်းကို ဆက်လက်မေးမြန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly