ဟောင်ကောင်တွင် ဓားကိုင်တိုက်ခိုက်သူကို ရဲက ပစ်ခတ်နှိမ်နှင်း

ဟောင်ကောင်တွင် ဓားကိုင်တိုက်ခိုက်သူကို ရဲက ပစ်ခတ်နှိမ်နှင်း

ဟောင်ကောင်၊ အောက်တိုဘာ ၂ ။        ။ အာရှ၏ ဘေးကင်းဆုံးမြို့များမှ တစ်မြို့ဖြစ်သည့် ဟောင်ကောင်တွင် ရှားရှားပါးပါး လမ်းပေါ်တိုက်ခိုက်မှုအဖြစ် အမျိုးသားတစ်ဦးအား ဓားဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုဖြစ်ပွားရာ ရဲက ပစ်ခတ်နှိမ်နှင်းရပြီး လူ သုံးဦးဒဏ်ရာရသွားသည်။

ဒဏ်ရာရသူများမှာ ဓားဖြင့် တိုက်ခိုက်သူနှစ်ဦးနှင့် အတိုက်ခိုက်ခံရသူတို့ဖြစ်ပြီး အားလုံးမှာ အာရှသားများဖြစ်ကြောင်း ရဲက ပြောသည်။

“လူတစ်ဦးကို လူ ငါးယောက် ခြောက်ယောက်လောက်က ဝိုင်းတိုက်ကြတာဖြစ်တယ်။”ဟု ယူမာတိုင်အရပ်တွင် ဖြစ်ပွားသည့် အခင်းနေရာမှ တာဝန်ရှိရဲအရာရှိ မာယေဟင်းက သတင်းထောက်များအား ပြောသည်။

တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နောက်ထပ်အသေးစိတ်ပြောကြားခြင်း မရှိပေ။

“ဒီတိုက်ခိုက်မှုဖြစ်နေတာကို သေနတ်လေးကြိမ်ဖောက်ပြီး တားဆီးရပ်တန့်လိုက်ရတာဖြစ်တယ်။ တိုက်ခိုက်သူနှစ်ဦးကို ပစ်လိုက်တာဖြစ်ပြီး ဒဏ်ရာရကြတယ်။”ဟု ၎င်းက ဆိုသည်။ ထိုဒဏ်ရာရသူနှစ်ဦးစလုံးကို ဖမ်းဆီးထားပြီး ဆေးရုံတင်ပို့ထားသည်။

၎င်းတို့ တိုက်ခိုက်ခံရသည့် အမျိုးသားမှာ စိုးရိမ်စရာမရှိကြောင်း ရဲက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly