ကက်ရှ်မီးယားဒေသတွင် အိန္ဒိယတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦး ကျဆုံးသွားဟု ပါကစ္စတန် ပြော

By CNN
30 September 2016
ကက်ရှ်မီးယားဒေသတွင် အိန္ဒိယတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦး ကျဆုံးသွားဟု ပါကစ္စတန် ပြော

စက်တင်ဘာ ၃၀ ။               ။ နှစ်နိုင်ငံအကြား အငြင်းပွား ကက်ရှ်မီးယားဒေသ နယ်စပ်တွင် အိန္ဒိယတပ်နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မိမိတို့ဘက်မှ စစ်သားနှစ်ဦး ကျဆုံးခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ပြောသည်။

သို့သော် နယ်စပ်ဒေသတွင် သံသယရှိ စစ်သွေးကြွများကို မြေလှန် ရှင်းလင်းရေး စစ်ဆင်ရေး တစ်ရပ်ကိုသာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယ စစ်တပ်ဘက်မှ ပြန်လည် ခုခံပြောကြားသွားသည်။

စက်တင်ဘာလ ၁၉ ရက်က နှစ်နိုင်ငံနယ်စပ ်တစ်လျောက်ရှိ စစ်သွေးကြွများမှာ မိမိတို့ အိန္ဒိယမြို့များကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ထားသော သတင်းအချက်အလက်များ အပေါ်မူတည်၍ ယခုတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယ စစ်တပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရန်ဘီအာ ဆင်းဂ်က ပြောသည်။

သို့သော် ပါကစ္စတန်ဘက်မှလည်း ယင်းပြောကြားချက်ကို တုန့်ပြန်သွားခဲ့ပြီး အကြမ်းဖက်သမားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်ဆိုသော ပြောဆိုမှုများမှာ အခြေအမြစ် မရှိလှကြောင်းနှင့် အိန္ဒိယအနေဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုများပိုမိုမြင့်တက်စေရန် တမင်ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားသွားသည်။

ကက်ရှ်မီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန်တိ့ု နှစ်နိုင်ငံအကြား နှစ်ပေါင်း ၇၀ အကြာကတည်းက အငြင်းပွားမှုများ ရှိနေသော ဒေသတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly