နယ်စပ် ပြဿနာကြောင့် ပါကစ္စတန်တွင် ကျင်းပမည့် ဒေသတွင်း ထိပ်သီးအစည်းအဝေး မတက်တော့ဖို့ အိန္ဒိယဆုံးဖြတ်

နယ်စပ် ပြဿနာကြောင့် ပါကစ္စတန်တွင် ကျင်းပမည့် ဒေသတွင်း ထိပ်သီးအစည်းအဝေး မတက်တော့ဖို့ အိန္ဒိယဆုံးဖြတ်

စက်တင်ဘာ ၂၈ ။         ။  နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အကြမ်းဖက် တိုက်ခိုက်မှု ပြဿနာများ တိုးပွားလာနေမှုကို အကြောင်းပြု၍ ပါကစ္စတန်တွင် ကျင်းပမည့် ဒေသတွင်း အဓိက အစည်းအဝေးတစ်ရပ်ကို တက်ရောက်တော့မည်မဟုတ်ဟု အိန္ဒိယက ပြောကြားလိုက်သည်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တောင်အာရှအဖွဲ့ကြီး Saarc ၏ အစည်းအဝေးကို လာမည့် နိုဝင်ဘာလတွင် အစ္စလမ်မာဘတ်မြို့တွင် ကျင်းပရန် ရှိနေသည်။

ယခုလအတွင်း ကက်ရှ်မီးယားဒေသတွင် ပါကစ္စတန် အခြေစိုက် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် စစ်သား ၁၈ ဦး ကျဆုံးထားကြောင်း အိန္ဒိယဘက်က စွပ်စွဲထားသည်။

အလားတူ အိန္ဒိယ၏ ရပ်တည်ချက်မှာ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပိုင်းနှင့် ပတ်သက်၍ အများအာရုံမှ ရှောင်ဖယ်လိုသော လုပ်ရပ်ဟု ပါကစ္စတန်ကလည်း ပြန်လည်ပြောကြားထားည်။

Uri မြို့ တိုက်ခိုက်မှု နောက်ပိုင်း အငြင်းပွား ဒေသအတွင်း အိန္ဒိယကို ဆန့်ကျင်သည့် အကြမ်းဖက် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ထားခဲ့သည်။ နှစ်လ အတွင်းမှာပင် အစိုးရ ဆန့်ကျင်ဆန္ဒပြသူများ အပါအဝင် လူ ၈၀ အထိ သေဆုံးခဲ့ရသည်။

Saarc အဖွဲ့ကို ၁၉၈၅ ခုနှစ်က ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လ်ဒိုက်၊ နီပေါ၊ ပါကစ္စတန် နှင့် သီရိလင်္ကာတို့ဖြင့် ထူထောင်ထားခဲ့ခြင်းဖြစ်ကာ ၂၀၀၅ ခုနှစ်တွင်မူ အာဖဂန်နစ္စတန်ကိုပါ ဝင်ခွင့်ပြုခဲ့သည်။

" အိန္ဒိယအနေနဲ့ လက်ရှိ Saarc ဥက္ကဌ နီပေါကို အကြောင်းကြားထားပါတယ်၊ လက်ရှိ နယ်စပ်က အခြေအနေတွေအရ ခုတစ်ကြိမ် အစည်းအဝေးမှာ ကျွန်တော်တို့အစိုးရ ပါဝင်တက်ရောက်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုပါ" ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags