မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံတင် သင်္ဘောကြီးပေါ်၌ မီးလောင်မှုဖြစ်ပွား၊ ရေနံယိုဖိတ်မှု မရှိဟု ဆို

မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံတင် သင်္ဘောကြီးပေါ်၌ မီးလောင်မှုဖြစ်ပွား၊ ရေနံယိုဖိတ်မှု မရှိဟု ဆို

စက်တင်ဘာ ၂၆ ။              ။ မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံတင် သင်္ဘောကြီးတစ်စီးပေါ်တွင် မီးလောင်မှု ဖြစ်ပွား၍ စက်တင်ဘာလ ၂၅ ရက်က သက်ဆိုင်ရာ အာဏာပိုင်များက ဝိုင်းဝန်းငြိမ်း သတ်ခဲ့ကြရကြောင်း မက္ကဆီကို နိုင်ငံပိုင် ရေနံကုမ္ပဏီက ပြောသည်။

မီးလောင်မှု ဖြစ်ပွားချိန်က ယင်းသင်္ဘောကြီးပေါ်တွင် ဓါတ်ဆီနှင့် ဒီဇယ် စည်ပေါင်း ၁၆၈,၀၀၀ ခန့် တင်ဆောင် ထားခဲ့သည်ဟု သိရသည်။

အလားတူ သင်္ဘောအမှုထမ်း ၃၁ ဦးကို မက္ကဆီကို ရေတပ်က ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူမရှိခဲ့ဟုလည်း သတင်းများက ဖော်ပြသည်။

အချက်အလက်များအရ burgos အမည်ရ ယင်းသင်္ဘောကြီးသည် စုစုပေါင်း စည်ပေါင်း ၂၇၀,၀၀၀ အထိ တင်ဆောင်နိုင်သည်ဟု သိရသည်။

ဘိုကာဒယ်ရီယို ဆိပ်ကမ်းမြို့ အပြင်ဘက် ရေမိုင် ခုနစ်မိုင်အကွာတွင် ဖြစ်ပွားခဲ့သော ယင်းရေနံတင် သင်္ဘောမီးလောင်မှုတွင် မီးသတ်ရေယာဉ် အများအပြား ပူးပေါင်း ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်။

ယင်းဖြစ်စဉ်ကြောင့် လက်တစ်လော အချိန်ထိ ရေနံယိုဖိတ်မှုမျိုး မကြားရသေးဘဲ မီးလောင်ရသည့် အကြောင်းရင်းကိုလည်း စုံစမ်း စစ်ဆေးနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags