ရိုနယ်လ်ဒိုကို လူစားလဲပြုလုပ်မှု ရီးယဲလ်နည်းပြ ဇီးဒန်း ကာကွယ် ပြောဆို

ရိုနယ်လ်ဒိုကို လူစားလဲပြုလုပ်မှု ရီးယဲလ်နည်းပြ ဇီးဒန်း ကာကွယ် ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

စီရော်နယ်လ်ဒိုအနေနဲ့ တခါတရံ လူစားလဲခံရခြင်းကို လက်ခံရမယ်လို့ ရီးယဲလ်နည်းပြ ဇီဒန်းက ပြောပါတယ်။

စနေနေ့က ရီးယဲလ်အသင်းနဲ့ လက်စ်ပါမားစ်တို့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ပွဲပြီးဖို့ ၁၈ မိနစ်အလို လူစားလဲခံရတဲ့ ရိုနယ်လ်ဒိုဟာ ပျော်ရွှင်ပုံ မရပါဘူး။

"သူက အမြဲတမ်း ကစားလိုပြီး ကွင်းထဲမှာ အမြဲရှိနေချင်တယ်ဆိုတာ ကျနော် သိပါတယ်။ "လို့ နည်းပြ ဇီဒန်းက ဆိုပါတယ်။

"ဒါပေမယ့် ကျနော်က ကစားသမားတွေအတွက် စဉ်းစားပေးဖို့ လိုပါတယ်။ ကျနော်အနေနဲ့ အင်္ဂါနေ့ပွဲ ကိစ္စကို စဉ်းစားပြီး သူ့ကို အနားပေးတာ အကောင်းဆုံးဖြစ်ပါတယ်။"လို့ ရီးယဲလ်နည်းပြက ပြောပါတယ်။

ရီးရဲမက်ဒရစ် အသင်းဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်အဖြစ် ဒေါ့မွန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာဖြစ်ဖြစ်ပါတယ်။

ရိုနယ်လ်ဒိုဟာ လက်စ်ပါမားစ်နဲ့ပွဲမှာ အခွင့်အရေး အများအပြား လွှဲချော်ခဲ့သလို လာလီဂါဇယား ဦးဆောင်နေသူ ရီးယဲလ်အသင်းမှာလဲ နှစ်ပွဲဆက် သရေကျခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ရိုနယ်လ်ဒိုဟာ ယူရို ၂၀၁၆ ဗိုလ်ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပေမယ့် လာလီဂါ အဖွင့်ပွဲ နှစ်ပွဲကို လွှဲချော်ခဲ့ပါတယ်။ ရိုနယ်လ်ဒိုက ဒီရာသီ ရီးယဲလ်အသင်းအတွက် (၄)ပွဲ ကစားပေးရာမှာ နှစ်ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဆု (၃) ကြိမ် ရရှိထားတဲ့ ရိုနယ်လ်ဒိုဟာ ရီးယဲလ်မှာ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ လူစားထိုးခံရမှု မရှိသလောက် ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါလမှာ ရီးယဲလ်နည်းပြဖြစ်လာတဲ့ ဇီဒန်းက နောက်ထပ်လည်း အခုလို လူစားလဲမှုမျိုး ပြုလုပ်မယ်လို့သတိပေးခဲ့ပါတယ်။

"ကျနော် သူ့ကို တခါတလေ လူစားလဲဖို့ ရှိပြီး ဒီညမှာလည်း လူစားလဲမှု ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့ ဆက်လုပ်သွားဖို့ ဒါကို ပြောင်းလဲပစ်မှာ မဟုတ်ပါဘူး"လို့ ဇီဒန်းက ထည့်သွင်း ပြောဆိုသွားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly