တိုက်ပွဲများ ပြင်းထန်လာနေသော ဆီးရီးယား၏ အလက်ပိုမြို့တွင် သောက်သုံးရေ ပြတ်လပ်လာနေ

တိုက်ပွဲများ ပြင်းထန်လာနေသော ဆီးရီးယား၏ အလက်ပိုမြို့တွင် သောက်သုံးရေ ပြတ်လပ်လာနေ

စက်တင်ဘာ ၂၄ ။                   ။ ဆီးရီးယားမြို့ အလက်ပိုတွင် တိုက်ပွဲများ ဆက်လက် အရှိန်မြင့်လာ လျက်ရှိရာ မြို့နေလူဦးရေ  ၂ သန်းကျော်အတွက် သောက်သုံးရေပင် လုံလောက်မှုမရှိတော့ဟု ကမ္ဘာ့ကုလသမဂ္ဂက သတိပေးပြောကြားလိုက်သည်။

စက်တင်ဘာ ၂၃ ရက်က လေကြောင်းထိုးစစ်ဆင်မှုများကြောင့်လည်း သူပုန်များထိန်းချုပ်ရာ နေရာများသို့ ရေဖြန့်ဖြူးပေးဝေနေသော စခန်း ပျက်စီးနေမှုများကို ပြန်လည်ပြင်ဆင်ရေးအတွက် အတားအဆီးများ ဖြစ်နေလျက်ရှိသည်။

လက်ရှိ အမေရိကန်နှင့်ရုရှတို့ ကြားဝင်စေ့စပ်ပေးခဲ့သော အပစ်ရပ်သဘောတူညီမှု ပျက်ပြားခဲ့ပြီးနောက်ပိုင်း အလက်ပိုမြို့တွင်း နေရာများကို သူပုန်များလက်မှ ပြန်သိမ်းရန် လုပ်ဆောင်နေသည်ဟု ဆီးရီးယားစစ်တပ်က ပြောသည်။

" ခုဆိုရင် အလက်ပိုမြို့ အရှေ့ခြမ်းရော အနောက်ခြမ်းဆီက လူတွေဆီကို ရေပေးလို့ မရတော့ပါဘူး၊ အဲဒီမှာ လူပေါင်း ၂ သန်းလောက်ရှိနေပါတယ်" ဟု ကုလကလေးသူငယ်များအေဂျင်စီ ယူနက်ဆက်ဖ်မှ ပြောရေးဆိုခွင့်ရှိသူ ကာရင် ဒါယာက ပြောသည်။

ယခုအခြေအနေအတိုင်းသာဆိုလျင် ဒေသခံပြည်သူများအတွက် ကပ်ဘေးတစ်ရပ်ပင် ကျရောက်သွားနိုင်ကြောင်းနှင့်၊ ၎င်းတို့အတွက် သန့်ရှင်းသည့် သောက်သုံးရေမရပါက ညစ်ညမ်းရေများမှတဆင့် ရောဂါပိုးများ ကူးစက်ပြန့်ပွားနိုင်ဖွယ် ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags