နိုင်ငံရေး စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ တိုးတက် ပြောင်းလဲရေး အတူကြိုးပမ်း လုပ်ဆောင်မည် မန်းတိုင်း ကြံ့ခိုင် ရေး ဥက္ကဋ္ဌပြော

နိုင်ငံရေး စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ တိုးတက် ပြောင်းလဲရေး အတူကြိုးပမ်း လုပ်ဆောင်မည် မန်းတိုင်း ကြံ့ခိုင် ရေး ဥက္ကဋ္ဌပြော

မန္တလေး၊ စက်တင်ဘာ ၂၄ /           /  နိုင်ငံရေးပါတီ များအနေဖြင့် ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးနဲ့ တိုင်းဒေသကြီးအကျိုးတွေကို ရှေ့ထားပြီး နိုင်ငံရေး၊ စီးပွားရေးနှင့်   ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များပြောင်းလဲ တိုးတက်ရေးအတွက် အတူကြိုးပမ်းလုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီ ၈ ပါတီနှင့် စက် တင်ဘာလ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးခန်းမတွင် ပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ခုအခါမှာ မိမိတို့နိုင်ငံအတွက် တိုးတက် ပြောင်းလဲမှုဖြစ်စဉ် ၃ရပ်ကို ပုံဖော်နိုင်ဖို့ အခြေအနေ က တောင်းဆိုနေ တယ် လို့ တင်ပြလိုပါတယ်။အဲဒါ တွေကတော့ (က)နိုင်ငံရေး တိုးတက်ပြောင်းလဲမှု (ခ)စီးပွားရေး တိုးတက် ပြောင်းလဲမှုနဲ့ (ဂ) ပြည်တွင်း ငြိမ်းချမ်းရေး တိုးတက်ပြောင်းလဲမှုတို့ပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်၃ရပ်လုံးဟာ တိုင်းပြည်အ တွက် အရေးကြီး ဖြစ် စဉ်တွေချည်းပဲ ဖြစ်ပါတယ်။ အများစုကတော့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်မှုဟာအဓိက အရေး ပါတယ်လို့ ဆိုပါ တယ်။ သို့သော်လည်း ပြည်တွင်းငြိမ်း ချမ်းမှုရနေတဲ့ ဒေသတွေအတွက် နိုင်ငံရေး၊ စီးပွား ရေး တိုးတက် ပြောင်းလဲရန် လိုလားမှာ ဖြစ်ပါ တယ်။ ဒီနေရာမှာလည်း စီးပွားရေးတိုးတက်မှုဟာ ပိုပြီး အရေးပါတယ်လို့ မှတ်ချက်ပြု မှု တွေလည်း ရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ နိုင်ငံရေးပါတီ များအနေနဲ့ ပြည်သူ့အကျိုး၊တိုင်းပြည်အကျိုးနဲ့ တိုင်း ဒေ         သကြီးအကျိုးတွေကို ရှေ့ထားပြီးဖော်ပြပါ ဖြစ်စဉ် ၃ရပ် ပြောင်းလဲတိုးတက်ရေးအတွက် အတူ ကြိုး ပမ်းကြရဦး မှာ ပါ"ဟု ဦးဝင်းမောင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီတွေဟာ အမည်နာမ ကွဲလွဲနေသော်လည်း ပြည်သူ့အကျိုး တိုင်းပြည်အကျိုး ဆောင် ရွက်ရာတွင် စိတ်တူ ကိုယ်တူဖြင့် သဘောထားချင်း တူညီသည်ဟု ခံယူကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရက်တစ် ပါ တီ(မြန်မာ)၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ဒီမိုကရေစီ ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုး သားဖွံ့ ဖြိုးတိုးတက်ရေးပါတီနှင့် ၈၈မျိုးဆက် ကျောင်းသား လူငယ်များ ပါတီ(ပြည်ထောင်စု မြန် မာနိုင်ငံ) တို့မှ တာဝန်ရှိ သူ များတက်ရောက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly