မိမိလိုချင်သည့် ပုံစံအတိုင်း ချယ်လ်ဆီးအသင်း ကစားနိုင်ရန် အချိန်လိုအပ်ဟု ကွန်တီဆို

မိမိလိုချင်သည့် ပုံစံအတိုင်း ချယ်လ်ဆီးအသင်း ကစားနိုင်ရန် အချိန်လိုအပ်ဟု ကွန်တီဆို

စက်တင်ဘာ ၂၄၊ လန်ဒန်။          ။ မိမိလိုချင်သည့် ပုံစံအတိုင်း ချယ်လ်ဆီးအသင်း ကစားနိုင်ရန် အချိန်ယူရဦးမည်ဟု နည်းပြကွန်တီက ပြောသည်။ ချယ်လ်ဆီးသည် လိဂ်ဖလားတွင် လက်စတာကို ၂-၀ အရှုံးမှလိုက် ကစားပြီး အချိန်ပို၌ ၄-၂ ဂိုးဖြင့် အနိုင်ရသည့်ပွဲ မတိုင်မီ ပရီးမီးယားလိဂ်ပွဲနှစ်ပွဲတွင် ဆွမ်ဆီးကို သရေကျပြီး လီဗာပူးလ်ကို ရှုံးနိမ့်ထားသည်။

“အသင်းသစ်တစ်သင်းနဲ့ စလုပ်ရတဲ့အခါ၊ စိတ်ကူးသစ်တွေ၊ နည်းစနစ်အသစ်တွေ အကောင်အထည ်ဖော်တဲ့အခါ ဒါမျိုးက ပုံမှန် ဖြစ်လေ့ရှိပြီး အချိန်လိုအပ်ပါတယ်။

ဒါပေမဲ့ အလုပ်ဖြစ်မယ်လို့တော့ ကျွန်တော်ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့ အများကြီး တိုးတက် လာနိုင်ပါတယ်”ဟု အသက် ၄၇ နှစ်ရှိ အီတလီလူမျိုး နည်းပြက ပြောသည်။

ကွန်တီသည် ပရီးမီးယားလိဂ်တွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ရင်ဆိုင်ရသည့် ၁၂ ယောက်မြောက် ချယ်လ်ဆီးနည်းပြလည်း ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ၅၃ ဂိုးပေးခဲ့ရသည့် ချယ်လ်ဆီးအသင်းသည် ယခုနှစ်ရာသီတွင် အာဆင်နယ်နှင့် ပွဲမတိုင်မီ ခုနစ်ပွဲ ကစားထားရာတွင် ဂိုးမပေးရသည့်ပွဲ တစ်ပွဲသာရှိခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly