၀ါရှင်တန်ပြည်နယ် စျေးဝယ် စင်တာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား၍ လေးဦးထက် မနည်းသေဆုံး

၀ါရှင်တန်ပြည်နယ် စျေးဝယ် စင်တာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား၍ လေးဦးထက် မနည်းသေဆုံး

စက်တင်ဘာ ၂၄ ။               ။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် ဘာလင်တန်မြို့ ဈေးဝယ် စင်တာတစ်ခု၌ စက်တင်ဘာလ ၂၃ ရက် ညပိုင်းက သေနတ်သမားတစ်ဦးက ဝင်ရောက် ပစ်ခတ်သွားခဲ့ရာ လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

ပစ်ခတ်သွားသော သေနတ်သမားမှာ လွတ်မြောက်သွားခဲ့ရာ ယခုအခါ ရဲများက လိုက်လံ ရှာဖွေနေလျက်ရှိသည်။

ပစ်ခတ်မှုတွင် ကျူးလွန်သည်ဟု သံသယရှိရသော သေနတ်သမားမှာ မီးခိုးရောင်အကျီကို ဝတ်ဆင်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မာ့ခ် ဖရန်စစ်က ဆိုသည်။

ယင်းဖြစ်စဉ်တွင် သေနတ်သမားသည် ရဲများရောက်မလာမီ စင်တာမှ ထွက်ကာ အနီးအနားရှိ အဝေးပြေးလမ်းမဆီသို့ လမ်းလျှောက် ထွက်ခွာသွားသည်ကို မြင်တွေ့ထားသူရှိကြောင်း ဖရန်စစ်က ဆိုသည်။ " ကျွန်တော်တို့ သေနတ်သမားကို လိုက်ရှာနေပါတယ်၊ လိုအပ်တဲ့ ပိတ်ဆို့မှုတွေလုပ်ရင်းနဲ့ပေါ့" ဟု ၎င်းက ပြောသည်။

ယင်းသံသယရှိသေနတ်သမား၏ ပုံကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ယခုဈေးဝယ်စင်တာကို ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ဒဏ်ရာရရှိထားသူများကို ဆေးဘက်ဝန်ထမ်းများက ကူညီကုသပေးမှုများလုပ်ဆောင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags