အိုဘားမား လာရောက်စားသောက်ခဲ့သည့် ဗီယက်နမ်ခေါက်ဆွဲဆိုင် ယခုအခါ လက်မလည်အောင် ရောင်းချနေရ

အိုဘားမား လာရောက်စားသောက်ခဲ့သည့် ဗီယက်နမ်ခေါက်ဆွဲဆိုင် ယခုအခါ လက်မလည်အောင် ရောင်းချနေရ

စက်တင်ဘာ ၂၃ ။                    ။ ဗီယက်နမ်သို့ အမေရိကန်သမ္မတ အိုဘားမား ရောက်ရှိစဉ်အခါက အမှတ်မထင် ဝင်ထိုင်စားသောက်သွားခဲ့သည့် ခေါက်ဆွဲဆိုင်ငယ်လေးမှာ ယခုအခါ စားသုံးသူ ဖောက်သည်များနှင့် လက်မလည်တမ်း ရောင်းချနေရသည်ဟု သိရသည်။ ဟနွိုင်းမြို့၏ နာမည်ကျော် ဝက်သားခေါက်ဆွဲများကို တည်ခင်းရောင်းချနေခဲ့သည့် ဘန်ချာဟောင်လျန် စားသောက်ဆိုင်မှာ ယခုအခါ လာရောက် စားသောက်သူ အလွန် များပြားနေလျက်ရှိသည်။

ယခင်ကာလများက အနီးအနားက ပြည်တွင်း ဖောက်သည်များပဲ လာစားခဲ့ကြသော်လည်း ယခုအခါ နိုင်ငံခြားသားများသည်လည်း အုပ်စုလိုက် လာလာစားနေကြသည်ဟု သိရသည်။

" လူတွေက ဒီကိုလာလာ စားကြတယ်၊ ဘာလို့လဲဆိုတော့ အမေရိကန်သမ္မတကြီး အိုဘားမားကိုယ်တိုင် ဘာလို့ ကျွန်တော့်ဆိုင်ကိုမှ ရွေးပြီးဝင်စားသွားတာလဲဆိုတာ သိချင်ကြလို့ ဖြစ်ပါလိမ့်မယ်" ဟု ယင်းဆိုင်ပိုင်ရှင် ငုရင်သီလျန်က ပြောသည်။ ၎င်းသည် အဆိုပါဆိုင်ကို ဖွင့်လှစ်ရောင်းချခဲ့သည်မှာ ၂၃ နှစ်ပင် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ဆိုင်သို့ ယခုအခါ ရောင်းအားကောင်းလွန်းနေခဲ့သော်လည်း ဈေးနှုန်းများကို ယခင်အတိုင်းသာ ရောင်းချ ပေးနေကြောင်းလည်း ၎င်းက အာမခံ ပြောကြားသွားသည်။

" ဆိုင်ကို ခုဆိုရင် အများကြီးလာစားကြတယ်၊ ကျွန်မတို့ ရောင်းရတာ လက်တောင်မလည်ပါဘူး" ဟု ယင်းစားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူက ပြောသည်။ ဆိုင်တွင်း နံရံထက်တွင်မူ သမ္မတ အိုဘားမားနှင့် ၎င်းနှင့်အတူလာစားသူ စာဖိုးမှူး အန်သိုနီ ဘော်ဒိန်းတို့၏ ဓါတ်ပုံများကိုလည်း ကပ်ထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags