အိန္ဒိယက စစ်လက်နက်တိုးချဲ့တည်ဆောက်နေဟု ပါကစ္စတန်ဝန်ကြီးချုပ် စွပ်စွဲ

အိန္ဒိယက စစ်လက်နက်တိုးချဲ့တည်ဆောက်နေဟု ပါကစ္စတန်ဝန်ကြီးချုပ် စွပ်စွဲ

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၂ ။            ။ အိန္ဒိယနိုင်ငံသည် မယုံနိုင်လောက်အောင် စစ်လက်နက်တိုးချဲ့တည်ဆောက်နေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် နာဝတ်ဇ်ရှာရစ်က စွပ်စွဲပြောဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောရာတွင် နာဝတ်ဇ်ရှာရစ်က ပါကစ္စတန်နိုင်ငံအနေဖြင့် စိတ်ချရအောင် အဟန့်အတားများကို မည်သို့ပင်ဖြစ်ပါစေ လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အငြင်းပွားကက်ရှ်မီးယးဒေသတွင် အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင့်သည့် ဆူပူဆန္ဒပြမှုများနှင့်အတူ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

စက်တင်ဘာ ၁၈ ရက်က ယင်းဒေသရှိ စစ်တပ်အခြေစိုက်စခန်းကို စစ်သွေးကြွများ လာရောက်တိုက်ခိုက်၍ အိန္ဒိယစစ်သား ၁၈ ဦး ကျဆုံးသည်။

ဆယ်စုနှစ် နှစ်ခုစာအတွင်း အသေအပျောက်အများဆုံးဖြစ်ခဲ့သည့် ယင်းတိုက်ခိုက်မှုကို ပါကစ္စတန်က ကြိုးကိုင်စီစဉ်ဖြစ်ခြင်းဖြစ်သည်ဟု အိန္ဒိယက စွပ်စွဲထားသည်။

ယင်းနှစ်နိုင်ငံစလုံးက မွတ်စလင်အများစုရှိရာ ကက်ရှ်မီးယားဒေသတစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း အပြန်အလှန် အငြင်းပွားနေသော်လည်း ကက်ရှ်မီးယားဒေသအား နှစ်နိုင်ငံက ခွဲဝေကာ ထိန်းချုပ်နေခြင်းဖြစ်သည်။

ပါကစ္စတန်အနေဖြင့် ဒေသတည်ငြိမ်ရေးကို လုပ်ဆောင်နေပြီး အိန္ဒိယနှင့် လက်နက်ယှဉ်ပြိုင်မှုကို မလိုလားကြောင်း ရှာရစ်က ပြောသည်။

မည်သည့် ဆွေးနွေးပွဲတွင်မဆို အိန္ဒိယဖက်က လက်သင့်မခံနိုင်သည့် အနေအထားမျိုးကို လုပ်ဆောင်နေကြောင်းလည်း ၎င်းက စွပ်စွဲပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags