ကက်ရှ်မီးယားနယ်စပ်တွင် အိန္ဒိယနှင့် ပါကစ္စတန် တိုက်ပွဲဖြစ်

ကက်ရှ်မီးယားနယ်စပ်တွင် အိန္ဒိယနှင့် ပါကစ္စတန် တိုက်ပွဲဖြစ်

ကက်ရှ်မီးယား၊ စက်တင်ဘာ ၂၁ ။           ။ ကက်ရှ်မီးယားတွင် စက်တင်ဘာ ၂၀ ရက်၌ အိန္ဒိယနှင့် ပါကစ္စတန်ကြား အငြင်းပွားနေသည့် နယ်စပ်နှင့် ပတ်သက်ကာ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားသည်။

 ပါကစ္စတန် အခြေစိုက် စစ်သွေးကြွများ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အိန္ဒိယဖက်က အပြစ်ပြောထားသည့် သေဆုံးမှုများသည့် စစ်ဌာနချုပ် တိုက်ခိုက်မှုဖြစ်ပွားပြီး နှစ်ရက်အလွန်တွင် ယခုတိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

စက်တင်ဘာ ၁၆ ရက်က ဖြစ်ပွားသည့် စစ်ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် စစ်သား ၁၈ ဦးကျဆုံးပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဟိမဝန္တာအရပ်၌ အဆိုးဆုံးသော တိုက်ခိုက်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုနောက်ပိုင်း နျူကလီးယားပိုင် အိမ်နီးချင်းနှစ်နိုင်ငံကြား ရန်လိုမှုများ မြင့်တက်လာခဲ့သည်။

 အိန္ဒိယနိုင်ငံ၏ စွပ်စွဲအပြစ်ဆိုမှုကို အခြေအမြစ်မရှိဘဲ အလျင်စလိုပြောဆိုစွပ်စွဲခြင်းဖြစ်ကြောင်း ပါကစ္စတန်က ငြင်းဆန်သည်။

ကက်ရှ်မီးယားတွင် မတည်ငြိမ်အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကာ တင်းမာမှုများ လျှော့ချရန် နှစ်ဖက်စလုံးအား တိုက်တွန်းသည်။

 “နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပါကစ္စတန်နိုင်ငံအနေနဲ့ ၎င်းမြေပေါ်မှာ အကြမ်းဖက်သမားတွေ ခြေကုပ်ယူနေကြတာကို တားဆီးကာကွယ်ဖို့ အလေးအနက်ပြောခဲ့ပါတယ်။”ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝတ်ဇ်ရှာရစ်နှင့် နယူးယောက်တွင် ဂျွန်ကယ်ရီ တွေ့ဆုံပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags